Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Monday, 7 January 2013

ရခိုင်စက်လှေ လုပ်သားအား ပင်လယ်ထဲတွင် ဘင်္ဂါလီများက သေနတ်ဖြင့်ပစ်ခတ်


 ပေါက်တောမြို့နယ်၊ သဲခုံကျွန်းမှရေ
လုပ်သားတစ်ဦးဖြစ်သူ ချင်းတောင်း
(၃၅နှစ်)သည် ယနေ့နံနက် ၃နာရီခွဲခန့်
တွင် အွိုင်စတာမီးပြအနီးပင်လယ်ပြင်
တွင် ကမ်းဝေးငါးဖမ်းလှေတစ်စီးမှ

 ငါးဝယ်ယူနေစဉ်၊ အနီးမှဖြတ်သွားသည့် ဘင်္ဂလီလှေတစ်စီးမှ တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ၀မ်းဗိုက်တွင် ဒဏ်ရာရရှိသွားသည်။

တိုက်ခိုက်ခံရသည့် နေရာ ၀န်းကျင်တွင် ဆင်တက်မော် ၊ အနောက်ရွဲ ၊ စစ်ကဲပြင် အစရှိသော ဘင်္ဂါလီ ရွာကြီးများ တည်ရှိကြသည်။ ဘင်္ဂလီ -ရခိုင်ပဋိပက္ခအပြီး ဘင်္ဂလီများသည် လုံခြုံရေးအားနည်းသောနေရာများတွင် ရခိုင်များအား ရန်စတိုက်ခိုက်လေ့ရှိပြီး

တရားခံများအားဖမ်းဆီးရမိသည်ဟုမကြားရပေ။ ပြီးခဲ့သောဒီဇင်ဘာလ (၂၆) ရက်နေ့ ကလည်း ဂဏန်းဖမ်းနေသောပေါက်တောမြို့နယ် စိုင်တုတ်ရွာသားရခိုင်ရေလုပ်သားနှစ်ဦးအား ဘင်္ဂလီများက ဖမ်းဆီးသွားသဖြင့်ဒေသခံများ ကသွားရောက်ကယ်ဆယ်ရာ ဒဏ်ရာများဖြင့်လွတ်မြောက်လာသည်။

ယနေ့ဒဏ်ရာရှိသော ကိုချင်းတောင်းအား စစ်တွေနာရေးကူညီမှုအသင်းက စစ်တွေ အင်းပေါက်ဝကမ်းတွင် သွားရောက်ကြိုယူကာ စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်။

Coral Arakan News






0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...