Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Friday, 4 January 2013

စီးပွားရေးအခက်အခဲများကြောင့် အရွယ်မရောက်သေးသူများ လုပ်ငန်းခွင် သို့ရာက်ရှိနေ


မန္တလေး တိုင်းဒေသကြီး အတွင်း စီးပွားရေးကျပ်တည်းမှုများကြောင့် အခြေခံလူတန်း
စား အများစု၏ အရွယ် မရောက်သေးသောကလေးငယ် များသည် လုပ်ငန်းခွင်တွင်း
သို့ ၀င်ရောက်လုပ်ကိုင် လျက်ရှိနေကြောင်း သိရသည်။

အခြေခံလူတန်းစားများ အနေဖြင့် စီပွားရေး အခက်အခဲများကြောင့် မြို့ကျောင်းများတွင် ထားရှိနိုင်ခြင်း မရှိတော့ဘဲ ကျေးရွာ မူလတန်းအောင် ရုံမျှဖြင့် ကလေးငယ်များအား လုပ်ငန်းခွင်တွင်းသို့ ထည့်သွင်း စေခိုင်း လာကြောင်း သိရသည်။

“လက်လုပ်လက်စား မိသားစုအိမ်တစ်အိမ်မှာဆိုရင်ကျောင်းသား သုံးယောက်
လောက် ရှိရင် ကျောင်းမထားနိုင်တော့ဘူး။ မူလတန်းကတည်းက ရေးတက်
ဖက်တက်ရင် ကျောင်းထုတ်ပြီး လုပ်ငန်း တွေမှာခိုင်းတယ်။ ကလေးတွေကို မြို့ပေါ်က လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုး လုပ်ခိုင်းတယ်။

 ဆေးလိပ်ခုံတွေမှာ ဆေးလိပ်လိပ်ခိုင်းတယ်။ ပန်းရံတွေထဲမှာ လည်းထည့်ထား
တာတွေ အများကြီးရှိတယ်။” ဟု ကန်ကြီးကုန်း ကျေးရွာမှ ဒေသခံတစ်ဦးက ပြော
ကြားသည်။

အခြေခံ လူတန်းစား အများစုမှာ အကြွေးတင်ပြီး အလုပ်အကိုင် အဆင်မပြေ
မှု၊ ကျန်းမာရေးဖောက်ပြန်လာမှု အစရှိသည့် ငွေကြေးမပြေလည်မှုများ
ကြောင့် သားသမီးများအား ကျောင်းထုတ်၍ အလုပ်လုပ် ခိုင်းစေကြောင်း သိရသည်။

“တစ်နေ့လုပ်မှာ တစ်နေ့စားရတာ၊ သားသမီးလေးယောက်လောက်ရှိတော့ ကျွန်တော်
က ကျန်းမာရေး အခြေအနေ မကောင်းရင် အားလုံးဒုက္ခရောက်မှာ၊ ဖြစ်ချင်တော့
လည်း ကျွန်တော်တို့ လက်လုပ်လက်စားတွေမှာ နှစ်လုံး၊သုံးလုံးထိုးတဲ့ ရောဂါရှိတယ်။

အဲဒါတွေကြောင့်လည်း ကျွန်တော်ကိုယ်တိုင် ဒုက္ခရောက်ခဲ့တော့ ကလေးတွေ လဘက်ရည်ဆိုင်တွေ ရောက်ကုန်တာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်တို့ အလုပ်က ချမ်းသာဖို့ကို ဝေးတဲ့အတွက် တစ်လကို ထီလေး တစ်စောင်လောက်ထိုး၊နောက်ပြီး
 နှစ်လုံး၊သုံးလုံးလေးကိုဘဲ ပြန်မျှော်မှန်းရတာပဲ” ဟု ပွဲရုံတွင် အလုပ်လုပ်ကိုင်နေသော
ကုန်ထမ်းသမားတစ်ဦးက ဆိုသည်။

“ဘယ်မိဘမဆို ကိုယ့်သားသမီးလေး ပညာတက်ကြီး၊ လူတော်လူကောင်း
ကြီး ဖြစ်စေချင်တာပေါ့။ ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ကလေးလေး
နေပူထဲမှာ အလုပ်ကြမ်း လုပ်နေရတာ ဘယ်မိဘမှ မကြည့်ရက်နိုင်ပါဘူး။ စီပွားရေး
အကျပ်အတည်းကြောင့် ခိုင်းနေရတာပဲဖြစ်မယ်။” ဟု ကျောင်းသားမိဘတစ်ဦးက ၎င်း၏ထင်မြင်ချက်အား ပြောပြသည်။

“မိဘတွေက ကလေးတွေ ပညာဆုံးခန်းမတိုင်ဘဲ အခုလိုလုပ်လိုက်ခြင်းအား
ဖြင့် ကလေးအတွက် ပညာသင်ရမည့် အခွင့်အလမ်းတွေ ဆုံးရှုံးသလို
နိုင်ငံတော်အတွက်လည်း အသိပညာရှင် ၊အတက်ပညာရှင်တွေ ထွန်းကား လာမည့် အခွင့်အလမ်းတွေလည်း ဆုံးရှုံးသွားတယ်။

မူလတန်းအခမဲ့ ဆိုပေမယ့် အလယ်တန်း ပညာသင်စရိတ်ကို ပါထပ်ပြီး လျှော့ချပေးရင်
 ကျောင်းမတက်နိုင်တဲ့ ကလေတွေ ကျောင်းစရိတ် အတွက် မပူရတော့ဘူး။ မိဘတွေလည်း ပိုပြီးအဆင်ပြေနိုင်တယ်။” ဟု အငြိမ်းစား ကျောင်းဆရာမကြီးတစ်ဦးက ၎င်း၏အမြင်
အား ပြောကြားသည်။


မောင်ထိန်လင်း
The Myanma Age


0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...