မြန်မာနိုင်ငံ အင်တာနက် အသုံးပြုသူများမျှော်လင့်စောင့် စားနေသော Google Play ကို ယနေ့ နံက်မှစတင်၍ အသုံးပြု၍ရပြီဖြစ်ကြောင်းသိရသည် ။
ဂူးဂဲလ် အမှုဆောင်အရာရှိချုပ် Mr. Eric Schmidt မတ်လ ၂၂ရက်နေ့က
မြန်မာနိုင်ငံ သို့ ရောက်ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ အသုံးပြုခွင့်
ရရှိခဲ့ခြင်းဖြစ်သည်။ Mr. Eric Schmidt မလာမီ တစ်ရက်အလိုကလည်း
Google.com.mm ဒိုမိန်းနှင့် အသုံးပြုခွင့်ရခဲ့ပြီးဖြစ်သည်။
ယင်းသတင်း ပတ်သက်ပြီး အန်းဒရွိုက်စနစ်သုံး ဂူးဂဲလ်အယ်ပလီကေး
ရှင်းအသုံးပြုသူတစ်ဦးက " အရမ်းမိုက်ပါတယ်ဗျ၊ အရင်က ကျနော်တို့ အယ်ပလီကေးရှင်း တစ်ခုအသုံးပြုချင်ဆို Google Play က ကျွန်တော်
နိုင်ငံအနေနှင့် သုံးမရတော့ သိပ်အဆင်မပြေပါဘူး၊ ဒီမနက်မှာတော့ ကျွန်
တော်စမ်းသုံးကြည့်တော့ သုံးလို့ရတာတွေ့ရပါတယ် " ဟု ၎င်းကပြောသည်။
Popular Myanmar News Journal

0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group