Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Monday, 11 March 2013

သင်္ကြန်ကို အိမ်မှာ ကမ္မဋ္ဌာန်းထိုင်မယ့် နေတိုး”

ဒါရိုက်တာညွန့်မြန်မာညီညီအောင်ရိုက်ကူးတဲ့ ‘အုတ် ကြားမြက်ပေါက်’ ရုပ်ရှင်ကားကြီးကို နေတိုးက နေမင်း၊ ထွန်းထွန်း၊ သက်မွန်မြင့်၊ စိုးပြည့်သဇင်တို့နဲ့ အတူရိုက်ကူးနေ ပါတယ်။ နေတိုးကသင်္ကြန်ကို အိမ်မှာတရားစခန်းဝင်တာ ၄နှစ်လောက်ရှိပြီ ဖြစ်ကြောင်း၊ အခုနှစ် သင်္ကြန်မှာ တရားစခန်း မဝင်ဖြစ်ပေမယ့်အိမ်မှာပဲ ကမ္မဋ္ဌာန်းလုပ်ဖို့ ရှိကြောင်းကို နေတိုးက ”တရားစခန်းဝင်တယ်ဆိုတဲ့ သဘောက ကမ္မဋ္ဌာန်းလုပ်တာပါ။ ကျွန်တော်ဒီနှစ်ကိုတော့ အိမ်မှာပဲ ကမ္မဋ္ဌာန်းလုပ်တော့မယ်။ ကမ္မဋ္ဌာန်းလုပ်တယ် ဆိုတာက အဓိကကတော့ အင်္ကျီဟောင်းတစ်ထည်ကို လျှော်လိုက်တဲ့သဘောပါ။ လျှော်ပြီးရင် အညစ်အကြေးတွေက သန့်စင်သွားပြီးတော့ အသစ်တစ်ခု လို ပြန်ဝတ်လို့ ရသွားတယ်။ ကမ္မဋ္ဌာန်းဆိုတာက စိတ်ရဲ့အညစ်အကြေးတွေကို ဆေးကြောလိုက်တဲ့ ပညာအားထုတ်တဲ့ အလုပ်တစ်ခုပါ။
အဓိကကတော့ဆေးကြော လိုက်တဲ့သဘောပါ။ တရားစခန်းကို တစ်နှစ်မှာ ဘယ်နှစ်ကြိမ်ဝင်ရမယ်ဆိုတာတော့ သတ် မှတ်ထားတာမရှိပါဘူး။ ဘယ်အချိန်ဝင်ရ မယ်ဆိုတာလည်းမရှိဘူး။ ဘာသာ ရေးနဲ့ပတ်သက်ပြီး ဘာမှသတ်မှတ် ချက်မရှိပါဘူး။ အမြဲတမ်းသတိ လေးနဲ့ လုပ်နေမယ်ဆိုရင်တော့ ပိုပြီးကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်နိုင်မယ်။ စိတ်ရဲ့ကြည်လင်မှုကိုလည်း ခံစားရမယ်”လို့ ပြောပါတယ်။
နိုင်ငံတစ်နိုင်ငံမှာအဓိက အရေး ကြီးတာအနုပညာနဲ့ယဉ်ကျေးမှု ထိန်းသိမ်းနိုင်မှသာ သိက္ခာတရား ဆိုတာရှိလာမှာဖြစ်ကြောင်း နေတိုးက… ”အနုပညာနဲ့ ယဉ်ကျေးမှုကို မထိန်းသိမ်းနိုင်ရင်တော့ ကိုယ့် နိုင်ငံကိုယ့်လူမျိုးရဲ့အနုပညာ အမွေ အနှစ်ကနောင်တက်လာမယ့် လူငယ်တွေကို ပြယုဂ်တစ်ခုအဖြစ် ကျန်ခဲ့ဖို့ဆိုတာ မလွယ်ဘူး။ ဟိုး အရင် ၁၉၈၅ခုနှစ်၊ ၁၉၈၆ ခုနှစ် အချိန်တုန်းက ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုကဘယ်လို ရှိလဲဆိုတာ သိချင်ရင် You tube မှာ ရှိတဲ့movie တွေပဲ ပြန်ကြည့်ရ တယ်။တကယ်လို့သာ အဲဒီအချိန်တုန်းက အနုပညာတွေ၊ ရိုက်ကူးမှုတွေ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့အတွက် ဟိုးအရင်ကဟာတွေကို လေ့လာ ချင်ရင်ဘယ်လိုမှ ပြန်ရှာလို့ မရဘူး။ ရုပ်ရှင်ဟာ မရှိမဖြစ်တဲ့ အရာတစ်ခုဖြစ်တယ်။ရုပ်ရှင်နဲ့ပဲ ယဉ်ကျေးမှုကို ထိန်းသိမ်းရတယ်။ သမိုင်းမှာ ကျန်ခဲ့အောင် စာပေနဲ့ ရုပ်ရှင်ဟာ အဓိကကျတယ်။ ထိန်းသိမ်းနိုင်ဖို့ က တကယ့်ကိုအရေးကြီးတဲ့ အလုပ် ပါ” လို့ ပြောပါတယ်။
၂ဝ၁၃ ခုနှစ်မှာတော့ ကာရိုက်တာပိုင်းကို ပြောင်းလဲမှုတွေ လုပ်ထားတဲ့အတွက်ကြောင့် ပရိသတ်တွေအနေနဲ့ အားပေးဝေဖန် အကြံပေးကြပါဦးလို့လည်း နေတိုးက ပြောပါတယ်။
တွယ်တာ

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...