Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Tuesday, 19 March 2013

ကြေးနီစီမံကိန်း လျော်ကြေးငွေ သုံးရက်အတွင်း ရွာ ၉ ရွာထုတ်ယူ

ကြေးနီစီမံကိန်း လျော်ကြေးငွေ သုံးရက်အတွင်း ရွာ ၉ ရွာထုတ်ယူ...

လက်ပံတောင်းတောင်ဒေသမှာ တောင်သူတွေဆုံးရှုံးခဲ့တဲ့ လယ်မြေတွေ အတွက် လျော်ကြေးငွေတွေ ထုတ်ပေးနေရာမှာ သုံးရက်အတွင်း ရွာ ၉ ရွာက တောင်သူတွေ လာရောက်ထုတ်ယူခဲ့ကြပေမယ့် ကျန်တဲ့ရွာ ၁၇ ရွာက တောင်သူတွေကတော့ အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဝမ်ပေါင်ကုမ္ပဏီက သိမ်းထားတဲ့ လယ်မြေတွေအတွက် ကျပ်ငွေသိန်းပေါင်း ၄သောင်း ၆ထောင်ကျော် လျော်ကြေးပေးမယ်လို့ ကြေညာခဲ့တဲ့နောက်၊ မတ်လ ၁၅ရက်နေ့ကစပြီး လျော်ကြေးငွေတွေ ထုတ်ပေးနေတာဖြစ်ပါတယ်။

လျော်ကြေးရယူခဲ့ကြတဲ့ရွာတွေဟာ လက်ပံတောင်းတောင်အစီရင်ခံစာ အကောင်အထည်ဖေါ်ရေးကော်မတီက သွားရောက်ရှင်းလင်းခဲ့ပြီးဖြစ်တဲ့ ရွာတွေဖြစ်တယ်လို့ သိရပါတယ်။

လျော်ကြေးငွေမထုတ်သေးတဲ့ ရွာတွေကတော့ သူတို့အနေနဲ့ ကော်မတီ ၀င်တွေ လာရောက်ရှင်းပြတာကို စောင့်နေကြတယ်လို့ ဆိုပါတယ်။ တုံရွာဟောင်းက မအေးနက် က အခုလို ပြောပါတယ်။

"စောင့်ကြည့်နေမယ်ဆိုတဲ့ သဘောပေါ့။ ပွင့်လင်းမြင်သာအောင် ဘာတွေချပြမလဲ။ လူမှုရေး၊ စီးပွားရေးကို ပိုကောင်းအောင် ဘာတွေလုပ်ပေးနိုင်မလဲ၊ နောင်လာနောက်သားသမီးတွေအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကို သူတို့ဆွေးနွေးတဲ့အချိန်မှာ ကျွန်မတို့လဲ ပြန်ဆွေးနွေးရမှာပေါ့"

လက်ပံတောင်းတောင် မြောက်ဘက်တောင်ခြေနဲ့ အနီးဆုံးဖြစ်တဲ့ ကျော်ရွာက၊ လယ်မြေအသိမ်းခံရသူ ၇၀ ရှိတဲ့အနက် ၅၀ က လျော်ကြေးငွေယူလိုက်ပါတယ်။

လျော်ကြေးယူလိုက်သူတွေရဲ့ ယာမြေတွေဟာ ကြေးနီမိုင်းက မြေစာတွေပုံထားတဲ့လယ်မြေတွေဖြစ်သလို တချို့ကျင်းတွေတူးထားပြီးတဲ့ မြေတွေဖြစ်တာကြောင့် လုပ်ကိုင်စားသောက်ဖို့ မဖြစ်နိုင်တော့တဲ့လယ်မြေတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူတခြားရွာတွေမှာလည်း လျော်ကြေးငွေ လက်ခံသူအများစုဟာ အသိမ်းခံမြေတွေမှာ လုပ်ကိုင်စားသောက်လို့မရအောင် ပျက်စီးနေပြီဖြစ်တဲ့အတွက် လျော်ကြးလက်ခံခဲ့ကြတယ်လို့ ကျော်ရွာသား ဦးကိုနိုင်က ပြောပါတယ်။

ပြန်လည်လုပ်ကိုင်စားသောက်ဖို့ မဖြစ်နိုင်တဲ့ယာမြေအတွက် တဧကကို ကျပ်ငွေ ၁၀သိန်းရတာကြောင့် လျော်ကြေးငွေယူလိုက်တယ်လို့
 ကျော်ရွာသားတဦးကပြောပါတယ်။

RFA

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...