Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Saturday, 9 March 2013

လေးလပတ် အစည်းအဝေး အပြီး တပ်မများ အရွှေ့အပြောင်း သတင်း

မြန်မာ့တပ်မတော်သုံး စစ်ယာဉ်ကြီးပေါ်ရှိ တပ်မတော်သားများ
ကက (ကြည်း) လေး လပတ် စစ်ဆင်ရေးအစည်းအဝေးမှာ တပ်များအရွေ့အပြောင်း လုပ်ဖို့ ညွှန်ကြားလာတဲ့သတင်းနဲ့ ပတ်သက်ပြီး စစ်ရုံးနဲ့ နီးစပ်သူများမှ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်ကို အခုလို သတင်းပေးပို့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကချင်ပြည်နယ်မှာ KIA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တပ်မများကို အပူတပြင်း ဆွဲသွင်း နေရကြောင်း ဤဝက်ဘ်ဆိုဒ်မှ တပ်ချုပ်ခေါင်းကိုက်နေရတဲ့ သတင်းလို့ ဒီနေရာ မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ မကြာမှီ ကာလကမှ ကင်တား နား ရောက်နေတဲ့အတွက် ရခိုင်ပြည်နယ်က တပ်မများ ကိုလည်း ယခင်ကလို ဆွဲမထုတ်ရဲဘဲ အသင့်အနေအထား သာ စောင့်နေခိုင်းရ ပါတယ်။ မမျှော်လင့်ဘဲ အိန္ဒိယ - မြန်မာနယ်စပ်ရှိ တမူးမြို့မှာလည်း ဗုံးကွဲပြန်ရာ နယ်စပ် လုံခြုံရေး ခြံစည်းရိုး ကျိုးပေါက်မဲ့အနေအထားနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

ဒါကြောင့် တပ်ချုပ်အနေနဲ့ ကက (ကြည်း) အရံတပ်မ ဖြစ်ခဲ့ဖူးသော တပ်မ (၁၁) ကို ဝေးလံခေါင်းပါးတဲ့ ရုမ်းပြည်နယ် အရှေ့မြောက်ပိုင်းသို့ မကြုံစဖူး ဆွဲထုတ်ခိုင်းသွားတာ တွေ့ရှိရပါတယ်။ အရင်ကနဦးကတော့ တပ်မ (၁၁) တပ်မမှူးနဲ့နှစ်ဗျူဟာ ရှေ့တန်းသို့ ထွက်ခွါသွားပြီးမှ စစ်ဆင်ရေး လိုအပ်ချက်အရ နောက်ချန်တစ်ဗျူဟာကိုပါ ဆွဲသွင်း သွားတာ တွေ့ ရပါတယ်၊ တပ်မ (၁၁) တပ်မတစ်ခုလုံးကို ရုမ်းပြည်နယ် မြောက်ပိုင်း စကခ (၁၀) တပ်မနဲ့ လဲလှယ်ခိုင်းတာ တွေ့ရပါတယ်။ စကခ (၁၀) ဟာ ကလေးမြို့ အခြေစိုက်ဖြစ်ပြီး ပြန်လည်စုဖွဲ့ အနားယူရင်း အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးကို ထိန်းခိုင်းတာ ဖြစ်ပါတယ်။

အလားတူ ကရင်ပြည်နယ် ရှေ့တန်းမှာ တစ်နှစ်ကျော်ပြီ ဖြစ်တဲ့ တပ်မ (၇၇) ကို နားနေတဲ့တပ်မ (၂၂) နဲ့ ချိန်းဖို့ အမိန့်ပေး ထားပါ တယ်။ လေး လပတ် အစည်းအဝေးမှာ ရှေ့တန်း တပ်များကို မိမိတို့ ခြေကုပ်ယူထားတဲ့ စခန်းများမှ ခြေဆန့်လက်ဆန့် အောင်မြေ ချဲ့ထွင်ထားဖို့ ညွန်ကြား ထားကြောင်းလည်း စစ်ဖက်နီးစပ်သူများထံမှ သတင်းရရှိပါတယ်။
Myawady News

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...