မင်းပြားမြို့ နယ်မှ ရခိုင်ဒုက္ခသည်များအတွက် ရှင်ဝီရသူမှ ကူညီလောက်ပံ့ငွေ (၂၈) သိန်း လှုဒါန်း
{၁၃.၃.၂၀၁၃ နေ့ ၊ လေးမြို့ ညနေခင်းသတင်း}
(၂၀၁၂)ခုနစ် ၊ အောက်တိုဘာလအတွင်းက ဖြစ်ပွါးခဲ့သော တကျော့ပြန်
ပဋိပက္ခများကြောင့် နေရပ်စွန့် ခွာထွက်ပြေးလာကြသော မင်းပြားမြို့ နယ်မှ
ရခိုင်တိုင်းရင်းသားဒုက္ခသည်များ အတွက် မန္တလေးမြို့ မှ ရှင်ဝီရသူဆရာတော်
ဘုရားကြီးက ကူညီထောက်ပံ့ငွေ (၂၈)သိန်း ၊ (၉)သောင်းအား လှူဒါန်းခဲ့ကြောင်း
သိရသည်။
ထိုလှူဒါန်းငွေများအား မင်းပြားမြို့ နယ် ၊ လူမှုကူညီရေးအသင်းမှ လက်ခံရယူ
ခဲ့ပြီး ထိုလူမှုကူညီရေးအသင်း ၊ (မင်းပြား)မှ ဥက္ကဌ ဓည၀တီကျောင်းတိုက်
ဆရာတော် ဘုရားကြီးမှ ဦးစီး၍ (၁၂၊၃၊၁၃) နေ့ တွင် မင်းပြားမြို့ နယ် ၊
စက်ရုံမော်ကျေးရွာမှ ရခိုင်ဒုက္ခသည်(၁၄၈)ဦးအား တစ်ဦးလျှင် (၅၀၀၀)ကျပ်
နှုန်းဖြင့် စုစုပေါင်း (၇၄၀၀၀၀)ကျပ်ကို ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ (၁၃၊၃၊၂၀၁၃)နေ့ တွင်လည်း မင်းပြားမြို့ နယ် ၊ ပန်းမြောင်းကျေး
ရွာမှ ဒုက္ခသည်များအတွက် (၄၀၀၀၀၀)ကျပ်ကိုလည်းကောင်း ၊ မင်းဘူးကျေးရွာ
မှ ဒုက္ခသည်များအတွက် (၂၀၀၀၀၀)ကျပ်ကိုလည်းကောင်း ၊ ခြိတ္တောင်ကျေးရွာမှ
ဒုက္ခသည်များအတွက် (၃၀၀၀၀၀)ကျပ်ကို လည်းကောင်း ၊ မင်းပြားမြို့ ပေါ်မှ
ဒုက္ခသည်များအတွက် (၁၀၀၀၀၀)ကျပ်ကို လည်းကောင်း အသီးသီးပေးအပ်ခဲ့
ကြောင်း သိရသည်။
ဆက်လက်၍လည်း ကျန်ရှိနေသေးသော ငွေများအား ဆက်လက်၍လှုဒါန်း
သွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးပေးအပ်သူများအဖွဲ့ မှ ဦးစီးပါဝင်ခဲ့သူ
တစ်ဦးဖြစ်သူ ဦးမောင်ဖြူ၏ပြောကြားချက်အရ သိရသည်။
ရှင်ဝီရသူဆရာတော်ဘုရားသည် ယခုအခါ ကျောက်ဖြုမြို့ တွင် တရားဟော
ကြားလျှက်ရှိပြီး လာမည့် (၁၈၊၃၊၂၀၁၃)နေ့ တွင် မင်းပြားမြို့ သို့ ကြွချီ၍
တရားဒေသနာများကိုလည်း ဟောကြားမိန့် မှာတော် မူဦးမည်ဖြစ်ကြောင်း
သိရသည်။
{၁၃.၃.၂၀၁၃ နေ့ ၊ လေးမြို့ ညနေခင်းသတင်း}
(၂၀၁၂)ခုနစ် ၊ အောက်တိုဘာလအတွင်းက ဖြစ်ပွါးခဲ့သော တကျော့ပြန်
ပဋိပက္ခများကြောင့် နေရပ်စွန့် ခွာထွက်ပြေးလာကြသော မင်းပြားမြို့ နယ်မှ
ရခိုင်တိုင်းရင်းသားဒုက္ခသည်များ
ဘုရားကြီးက ကူညီထောက်ပံ့ငွေ (၂၈)သိန်း ၊ (၉)သောင်းအား လှူဒါန်းခဲ့ကြောင်း
သိရသည်။
ထိုလှူဒါန်းငွေများအား မင်းပြားမြို့ နယ် ၊ လူမှုကူညီရေးအသင်းမှ လက်ခံရယူ
ခဲ့ပြီး ထိုလူမှုကူညီရေးအသင်း ၊ (မင်းပြား)မှ ဥက္ကဌ ဓည၀တီကျောင်းတိုက်
ဆရာတော် ဘုရားကြီးမှ ဦးစီး၍ (၁၂၊၃၊၁၃) နေ့ တွင် မင်းပြားမြို့ နယ် ၊
စက်ရုံမော်ကျေးရွာမှ ရခိုင်ဒုက္ခသည်(၁၄၈)ဦးအား တစ်ဦးလျှင် (၅၀၀၀)ကျပ်
နှုန်းဖြင့် စုစုပေါင်း (၇၄၀၀၀၀)ကျပ်ကို ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ (၁၃၊၃၊၂၀၁၃)နေ့ တွင်လည်း မင်းပြားမြို့ နယ် ၊ ပန်းမြောင်းကျေး
ရွာမှ ဒုက္ခသည်များအတွက် (၄၀၀၀၀၀)ကျပ်ကိုလည်းကောင်း ၊ မင်းဘူးကျေးရွာ
မှ ဒုက္ခသည်များအတွက် (၂၀၀၀၀၀)ကျပ်ကိုလည်းကောင်း ၊ ခြိတ္တောင်ကျေးရွာမှ
ဒုက္ခသည်များအတွက် (၃၀၀၀၀၀)ကျပ်ကို လည်းကောင်း ၊ မင်းပြားမြို့ ပေါ်မှ
ဒုက္ခသည်များအတွက် (၁၀၀၀၀၀)ကျပ်ကို လည်းကောင်း အသီးသီးပေးအပ်ခဲ့
ကြောင်း သိရသည်။
ဆက်လက်၍လည်း ကျန်ရှိနေသေးသော ငွေများအား ဆက်လက်၍လှုဒါန်း
သွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးပေးအပ်သူများအဖွဲ့ မှ ဦးစီးပါဝင်ခဲ့သူ
တစ်ဦးဖြစ်သူ ဦးမောင်ဖြူ၏ပြောကြားချက်အရ သိရသည်။
ရှင်ဝီရသူဆရာတော်ဘုရားသည် ယခုအခါ ကျောက်ဖြုမြို့ တွင် တရားဟော
ကြားလျှက်ရှိပြီး လာမည့် (၁၈၊၃၊၂၀၁၃)နေ့ တွင် မင်းပြားမြို့ သို့ ကြွချီ၍
တရားဒေသနာများကိုလည်း ဟောကြားမိန့် မှာတော် မူဦးမည်ဖြစ်ကြောင်း
သိရသည်။
Posted in: ပြည်တွင်းသတင်း
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group