၂၀၀၉ ခုနှစ်က ပေါ့အဆိုတော် မိုက်ကယ်ဂျက်ဆင် သေဆုံးမှုအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကို ပြနေတဲ့ အီးမေးလ်တခု တွေ့ရကြောင်း မိသားစုရှေ့နေက ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီအမှုကို လာမဲ့လမှာ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။
အီးမေးလ်ကတော့ AEG ဆီကပါ။ မိုက်ကယ်ဂျက်ဆင်ဟာ AEG Live အစီအစဉ်နဲ့ လန်ဒန်မှာ မှာသီဆိုဖျော်ဖြေဖို့ ပြင်ဆင်နေတုံး ၂ ပတ် အလိုမှာသေဆုံးသွားခဲ့တာပါ။ သူ့ဆရာဝန်က ပေးတဲ့ဆေးတွေရဲ့ ဒဏ်ကြောင့် သေဆုံးခဲ့တာဖြစ်ပေမဲ့ ဘာကြောင့် ဒီဆေးတွေပေးခဲ့သလဲ ဆိုတာ အရင်က မသိခဲ့ရပါဘူး။

ဒီတပတ်အတွင်းတွေ့ရှိရတဲ့ အီးမေးလ်ကတော့ AEG က မိုက်ကယ်ဂျက်ဆင်ရဲ့ ဆရာဝန် ဆီကို ရေးခဲ့တဲ့ အီးမေးပါ။ ပွဲအတွက် ရီဟာဇာလုပ်ဖို့ ရောက်မလာတဲ့ မိုက်ကယ်ဂျက်ဆင်ကို လာမဲ့ ၁၁ ရက်မှာ ဆိုရမဲ့ပွဲအတွက် အဆင်သင့်ဖြစ်အောင်လုပ်ဖို့ သူ့ဆရာဝန်ကို ဖိအားပေးထားတဲ့စာပါ။
စာထဲမှာမင်းကိုလခပေးနေတာAEGဖြစ်တယ်။ မိုက်ကယ်ဂျက်ဆင်က ပေးနေတာမဟုတ်ဘူးလို့ ရေးထားပါ
တယ်။
ကျန်းမာရေးမကောင်းတဲ့မိုက်ကယ်ဂျက်ဆင်ကိုပွဲမှာဝင်ဆိုနိုင်အောင်လို့ အန္တရာယ်ကြီးတဲ့ ဆေးပြင်းတွေပေး
ခဲ့ရာက သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဆရာဝန်က ဒါဟာမိုက်ကယ်ဂျက်ဆင်ရဲ့ တောင်းဆိုချက်နဲ့ ပေး
ခဲ့တာလို့ထွက်ဆိုထားခဲ့တာပါ။အခုတွေ့ရတဲ့အီးမေးလ်အရဆိုရင်သူ့ကိုတလဒေါ်လာ
တသောင်းခွဲပေးနေတဲ့ အလုပ်ရှင် AEG ကိုမလွန်ဆန်နိုင်လို့
ဆေးပြင်းတွေပေးခဲ့တာလို့ ယူဆရနိုင်ပါတယ်။
RND: 5.3.2013
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group