Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Saturday, 9 February 2013

ရွှေတိဂုံ စေတီတော်တွင် အင်တာနက် အခမဲ့စတင်သုံးစွဲနိုင်

ရွှေတိဂုံ စေတီတော်တွင် ပြည်တွင်း ဘုရားဖူးများပါ အင်တာနက် အခမဲ့ စတင် သုံးစွဲနိုင်



ယခုလမှ စတင်ကာ ပြည်တွင်း ဘုရားဖူးများ အနေနဲ့ ရွှေတိဂုံ စေတီတော်မှာ အင်တာနက် အခမဲ့ သုံးစွဲနိုင်ပြီ ဖြစ်တယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ရွှေတိဂုံ စေတီတော်မှာ အင်တာနက် အခမဲ့ သုံးစွဲခွင့်ကို ပြီးခဲ့တဲ့နှစ် ဘြဂုတ်လက စတင်ကာ ပြည်ပ ခရီးသွားများကို သုံးစွဲခွင့်ပြုခဲ့ပြီး ယခုအခါမှာ ပြည်တွင်း ဘုရားဖူးတွေ ကိုပါ စတင် သုံးစွဲခွင့်ပြုတာ ဖြစ်ပါတယ်။

အဲ့ဒီလို အင်တာနက် အခမဲ့ သုံးစွဲနိုင်ရန် အတွက် ကိုတော့ ကွန်ပျူတာ သုံးလုံး ထားရှိပေး ထားပြီး   WiFi အသုံးပြုခွင့် ကိုလည်း Password ပါဝင်တဲ့ ၄၅ မိနစ်စာ Acess Card များနဲ့ သုံးစွဲနိုင် တယ်လို့ သိရပါတယ်။ အဆိုပါ Acess Card များကိုတော့ စေတီတော်မှာ နိုင်ငံခြားသား ဘုရားဖူးများ အတွက် ၀င်ကြေး ကောက်ခံတဲ့ ကောင်တာများမှာ ထုတ်ယူနိုင်ပြီး အင်တာနက် အခမဲ့ သုံးစွဲနိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီလို အင်တာနက် အခမဲ့ သုံးစွဲနိုင်ဖို့အတွက် ကိုတော့ Crystal Shine ကုမ္ပဏီမှ လှူဒါန်းပေး ထားတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

from MRTV-4

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...