အာဆီယံ ကားမောင်း ပြိုင်ပွဲဝင် သရုပ်ဆောင် အေးမြတ်သူက ဖေဖော်ဝါရီ ၂၈ ရက်တွင် မန္တလေးသို့ ရောက်ရှိမည် ဖြစ်၍ ကြိုဆိုစေချင်ကြောင်း ပြောသည်။
ဖေဖော်ဝါရီ ၂ဝ ရက်နေ့မှာ အေးမြတ်သူက အာဆီယံလေးနိုင်ငံ ကားမောင်း ပြိုင်ပွဲ အတွက် အိန္ဒိယနိုင်ငံကို ထွက်ခွာသွားခဲ့သည်။ ယင်း ပြိုင်ပွဲ အတွက် ဇာတ်ကား ရိုက်ကူးမှုတွေ ကြိုတင် ရက်ကို စီစဉ်ထားကြောင်း ပြိုင်ပွဲမှာ ကိုယ့် နိုင်ငံ အတွက် ကြိုးစား သွားမှာဖြစ်ကြောင်း အေးမြတ်သူ က ဆိုသည်။
”ဆုရဖို့ အတွက်တော့ မှန်းမထားပါဘူး။ အားလုံး စည်းစည်းလုံးလုံး သွားမယ့် ရည်ရွယ်ချက်ပါ။ ဘာဆုကြီးရပါစေ ဆိုပြီး မမှန်း ထားဘူး။ လောက မှာ မျှော်မှန်း ထားပြီး မရရင် တအား ခံရခက်တယ်လေ။ ဒါပေမဲ့ ကိုယ့်နိုင်ငံ အတွက် အကောင်းဆုံး ဖြစ်အောင်တော့ လုပ်သွားမှာပါ”ဟု ၄င်းက ပြောသည်။
အေးမြတ်သူက ပြိုင်ပွဲ မသွားခင် ဓာတ်ပုံ ရိုက်ကူးမှုတွေပဲ လုပ်ဖြစ်ပြီး ‘ဘုန်းကညာ တစ်ပါး’ ဒီဗီဒီ ဇာတ် ကား အထူးပွဲကိုလည်း တက်ရောက် ကြောင်း
သိရသည်။
”ဒီဇာတ်ကားကို ပြန်ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပါတယ်။ ရယ်စရာကား ဆိုတော့ ပျော်ဖို့လည်း ကောင်းတယ်။ ဇာတ်ကားက ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက် တစ်ခု လက်မခံ နိုင်တဲ့ အရာကို သံယောဇဉ် မေတ္တာ တရားထားပြီး ဖြေရှင်းသွားတာ သဘောကျတယ်”ဟု ၄င်းကဆိုသည်။
မေမွန်မောင်
popular myanmar.com မှ သိသမျှ ။
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group