Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

အိုဘားမား မြန်မာခရီးစဉ် ပြည်သူများကို မိန်းခွန်းပြော

အမေရိကန်သမ္မာတ မြန်မာခရီးစဉ်သည် ၊မြန်မာပြည် ဒီမိုကရေစီ လမ်းစဉ်အတွက် အခွင့်အလမ်းများ ပိုအားကောင်းလာ

ကျွန်မလေး ပြည်သူ့ကို ချစ်ပါတယ်လို့ပြောသွားတဲ့ ဒေါ်စု

နိုင်ငံရေးကို လိမ်ညှာ လှည့်ဖြား၍ မလုပ်ပါဟု ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရုပ်ရှင်သရုပ်ဆောင်နေတိုး မာန်အောင်ပြည်သူများ လှိုက်လှဲစွာကြိုဆို

ယခုအချိန်တွင် top one အဆင့်တွင် ရပ်တည်နေသော ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုး

မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရ

မာန်အောင်တောင်သူလယ်သမားများ အစိုးရ အဖွဲကို ဆပ်ကြေးများ ပေးဆောင်နေရ

စစ်တပ်အမိန့်ထုတ်ပြန် တအိမ်လျှင် ကျပ် ၁၅၀၀၀ ကောက်ခံ မပေးဆောင်လျှင် စစ်တတ်က အရေးယူဆောင်ရွက်မည်ဟု ညှင်းဆဲ ရိုက်နက် ချိန်းခြောက်မှုခံနေရ

Friday, 4 January 2013

တရုတ်နိုင်ငံဘက် ဗုံးတွေ ကျလို့ မြန်မာကို ကန့်ကွက်









မြန်မာ အစိုးရ စစ်တပ် ကနေ ကေအိုင်အေသူပုန်တွေ အပေါ် လေကြာင်း တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့စဉ် အတွင်း အိမ်နီးချင်း တရုတ်
နိုင်ငံ ဘက်ခြမ်းကို ဗုံးသုံးလုံး ကျရောက်

 ခဲ့တဲ့ အတွက် တရုတ် နိုင်ငံ ကနေ မြန်မာ နိုင်ငံကို သံတမန်ရေး အရ ဆက်သွယ် တိုင်ကြားမှု ပြုလုပ်ခဲ့ ပါတယ်။

အခုလို အလားတူ ဖြစ်ရပ်မျိုး နောက်ထပ် ဖြစ်မလာ ရအောင် ချက်ခြင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ တရုတ် နိုင်ငံ ကနေ မြန်မာ နိုင်ငံကို တောင်းဆိုထား တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုး သမီး ဟွာ ချွန်ယင်းက ပြောပါတယ်။

ဗုံးတွေဟာ တရုတ် နိုင်ငံဘက် ခြမ်းကို တနဂင်္နွေနေ့က ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ထိခိုက် ဒဏ်ရာ ရရှိမှုတွေတော့ မရှိဘူးလို့ ပြောပါတယ်။

ကချင် ပြည်နယ်က တိုက်ပွဲတွေဟာ မြန်မာ နိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်ပြီး၊ မြန်မာ အစိုးရ အနေနဲ့ ဒီ ပဋိပက္ခတွေ အပေါ် ငြိမ်းချမ်းတဲ့ နည်းနဲ့ ကိုယ်တွယ် ဖြေရှင်း နိုင်လိမ့် မယ်လို့ မျှော်လင့် ကြောင်းကိုလည်း တရုတ် ပြောခွင့်ရသူက ပြောပါတယ်။

BBC (မြန်မာပိုင်း)

Thursday, 3 January 2013

လေကြောင်း ထိုးစစ်ဆင်မှု ကုလနှင့် အမေရိကန်တို့ စိုးရိမ်ကြောင်း ပြောဆို

၂၀၁၃ ဇန်န၀ါရီလ ၃ ရက်နေ့ နေ့လည် ၁ နာရီတွင် အစိုးရတပ်က လိုင်ဇာအနီး ဂန်ဒေါင်ယန်၊ လဂျားယန် ဒေသသို့ လေကြောင်းဖြင့် ထိုးစစ်ဆင်နေစဉ် (ဓာတ်ပုံ – လဖိုင် / ဧရာဝတီ)
ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်များကို အစိုးရစစ်တပ်က လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများအပေါ် စိုးရိမ်ကြောင်း၊ အမြန်ဆုံး ရပ်တန့်ရန်နှင့် အကောင်းဆုံး နည်းလမ်းရှာ၍ တွေ့ဆုံ ဆွေးနွေးမှုမှတဆင့် မတူညီမှုများကို ညှိနှိုင်း အဖြေရှာကြရန် ယမန်နေ့တွင် ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့က တိုက်တွန်းလိုက်သည်။
မြန်မာအစိုးရ၏ လေကြောင်းအင်အား အသုံးပြု ထိုးစစ်ဆင်မှုကို ၀န်ခံပြောကြားလာမှုလည်း ရှိပြီး လေကြောင်း တိုက်ခိုက် ထိုးစစ်ဆင်မှုအပေါ် အလွန်အမင်း စိတ်ပျက်သည်ဟု အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ပြောဆိုလိုက်သည်။
“လေကြောင်းအင်အား အသုံးပြုတာနဲ့ ပတ်သက်ပြီး ကျမတို့ အလွန်အမင်း စိတ်ပျက်မိပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ မစ္စ ဗစ်တိုးရီယား နုလန်းက ဗုဒ္ဓဟူးနေ့က သတင်းထောက်များကို ပြောသည်။
ဆက်လက်၍ သူက “မြန်မာအစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ကို ပဋိပက္ခစစ်ပွဲတွေ အပစ်အခတ်ရပ်စဲရေး ဖြစ်လာဖို့၊ ဒီအပြင် တခြား ပဋိပက္ခစစ်ပွဲဖြစ်ရာ ဒေသအားလုံးမှာလည်း ဒေသတည်ငြိမ် အေးချမ်းမှုတွေ ရရှိစေရေး မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်နိုင်မှာတွေအတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာဖို့ ကျမတို့က ဆက်ပြီး တိုက်တွန်းနေမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာအစိုးရနှင့် KIO, ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားပြီး ၂၀၁၁ ဇွန်လမှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် ဒေသခံပေါင်း ၇၅၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးနေကြရသည်။
“အခုအထိ ကျမတို့ မြင်တွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် ကိစ္စပြီးရင် ဒီတခုက နောက်ဆုံးတခုပဲ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ ဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တလျှောက်လုံး စဉ်ဆက်မပြတ်  စိုးရိမ်တဲ့အကြောင်း ထုတ်ပြောနေတာပဲ။ အခု ဒီလို လေကြောင်းသုံး တိုက်ခိုက်မှုကိစ္စကတော့ တော်တော် ဆိုးဆိုးဝါးဝါး စိုးရိမ်စရာဆိုတာ ရှင်းပါတယ်။ ကျမတို့ ဒီကိစ္စ မြန်မာအစိုးရနဲ့ ဆက်လက် ဆွေးနွေးနေမှာပါ” ဟု ဗစ်တိုးရီယားက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကချင်လက်နက်ကိုင် အဖွဲ့များအပေါ် မြန်မာအစိုးရ စစ်တပ်က လေကြောင်း အင်အားသုံး တိုက်ခိုက်ခြင်းကို အလေးအနက်ထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း သူ၏ ပြောခွင့်ရသူက ထုတ်ပြန်ကြေညာသည်။
ပဋိပက္ခစစ်ပွဲများ ဖြစ်ပွားရာဒေသရှိ ဒေသခံ အရပ်သားများ၏ ဘ၀နှင့် အသက်အန္တရာယ် ထိခိုက်ပျက်ဆီးစေမည့် လုပ်ရပ်များ၊ ပဋိပက္ခ ကြီးထွားလာစေမည့် လုပ်ရပ်များကို မြန်မာအစိုးရ တာဝန်ရှိသူများ အနေဖြင့် ရှောင်ရှားကြရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ အိုးအိမ်များစွန့်ခွာ ထွက်ပြေးနေရသူ စစ်ဘေး ဒုက္ခသည်များ တိုးပွားလာသည့်အတွက် လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးအတွက် လိုအပ်နေသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ကြေညာချက်တွင် သတိပေးထားသည်။
ပြည်တွင်းငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက တပ်မတော်အနေဖြင့် ၎င်းတို့၏ စခန်းတခု ပြန်လည် ရရှိရန် တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း AFP သို့ ပြောဆိုထားသည်။
မြန်မာအစိုးရ သတင်းမီဒီယာများက ယမန်နေ့က ကြေညာခဲ့ရာတွင် “တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှ လွဲ၍ စခန်းများအား စတင် တိုက်ခိုက်ခဲ့ခြင်း မပြုခဲ့သော်လည်း ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လဂျားယန် စခန်းသို့ ရိက္ခာ ပို့သည့် လမ်းကြောင်းရှိ မြစ်ကြီးနား – ဗန်းမော် ကားလမ်းအား အဓိက ပိတ်ဆို့နှောက်ယှက် တိုက်ခိုက်နေသည့် ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပွိုင့် -၇၇၁ တောင်ကုန်းနှင့် ပတ်ဝန်းကျင်အား ရှင်းလင်းခဲ့ရာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တက်ရောက် သိမ်းယူနိုင်ခဲ့သည်။ ထိုသို့သိမ်းယူရာတွင် လေကြောင်း အကူအညီကို အသုံးပြုခဲ့ရသည်” ဟု ဖော်ပြထားသည်။

irrawaddy

ကချင်ပြည်နယ်စစ်ပွဲမှာ လေကြောင်း

မြန်မာအစိုးရက ကချင်ပြည်နယ်က စစ်ပွဲမှာ လေကြောင်းသုံးတိုက်ခိုက်တာ ရပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်း က မြန်မာအစိုးရကို တိုက်တွန်းပြောဆို လိုက်ပါတယ်။

RFA
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့၏ ၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်က မှတ်တမ်းပုံ ဖြစ်ပါသည်။
ကချင်ပြည်နယ်မှာ စစ်ပွဲတွေပြန်ဖြစ်လာတဲ့အပေါ် အထူးစိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌါနက ပြောလိုက်ပါတယ်။
ဒါကြောင့် မြန်မာအစိုးရရော ကေအိုင်အေ ဘက်ကပါ တိုက်ပွဲတွေရပ်ပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ဖို့ တိုက်တွန်းတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌါန ပြောခွင့်ရပုဂ္ဂိုလ် Victoria Nuland မစ္စစ် ဗစ်တိုးရီယား နူလန်က မနေ့က ပြောလိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလဲ ကချင်ပြည်နယ်ကစစ်ပွဲမှာ မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်တာကိုရပ်ဖို့နဲ့ အရပ်သားတွေကို ထိခိုက်စေတဲ့ ဘယ်လိုဆောင်ရွက်ချက်မျိုးမဆို ဆက်မလုပ်ဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် လက်ရှိတိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်ပိုများလာပြီး သူတို့အတွက် အကူအညီတွေပေးဖို့ လိုအပ်လာသလို၊ အချိန်မှီထောက်ပံ့ ကူညီနိုင်ဖို့ကလဲ အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ဝရက်နေ့က ကချင်ပြည်နယ်တိုက်ပွဲမှာ မြန်မာ့တပ်မတော်က လေကြောင်းအကူအညီကို အသုံးပြုခဲ့တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။

RFA

Wednesday, 2 January 2013

အမေရိကန် မောင်းသူမဲ့ လေယာဉ် တပ်ဖြန့်ရန် ဂျပန်စီစဉ်


တရုတ် အစိုးရပိုင် သင်္ဘော သုံးစင်းသည် ဂျပန် နိုင်ငံနှင့် အငြင်းပွား လျက်ရှိသော အရှေ့ တရုတ် ပင်လယ် ဝန်းကျင်မှ  ရေပိုင်နက် အတွင်းသို့ ဒီဇင်ဘာ ၃၁ ရက်က ဝင်ရောက်ခဲ့ သည်ဟု ဂျပန်နိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့မှ ပြောကြား ခဲ့သည်။ ယင်းသင်္ဘောများ အနက် တစ်စင်းသည် အငြင်းပွား ပိုင်နက် အတွင်းရှိ ကျွန်းသို့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၂ မိနစ်ခန့်က ဝင်ရောက်ခဲ့ပြီး မိနစ် ၂ဝ အကြာတွင် ဒုတိယ မြောက် သင်္ဘောတစ်စင်း ထပ်မံဝင်ရောက် လာခဲ့ခြင်း ဖြစ် သည်။ အလားတူ တတိယ သင်္ဘော သည် ဂျပန် နိုင်ငံက ၄င်းတို့ပိုင်ဟု ကြေညာထားသည့် ကျွန်းစုများ အနီးသို့ ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၅ မိနစ် ခန့်က ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း ကမ်းခြေစောင့် တပ်က ထပ်လောင်း ပြောကြား ခဲ့သည်။

အဆိုပါ သင်္ဘောများကို ကမ်းခြေစောင့် ကင်းလှည့် လေယာဉ်မှ တွေ့ရှိခဲ့ ပြီးနောက် အဆိုပါ ရေပိုင်နက် အတွင်းသို့ ဂျပန်ကင်းလှည့် သင်္ဘော စေလွှတ်ရန် အာဏာပိုင် များက စီစဉ် ခဲ့သည်။ ထို့အပြင် ဂျပန် အစိုးရသည် အငြင်းပွား လျက်ရှိသော ကျွန်းစုပေါ်သို့ အမေရိကန်လုပ် မောင်းသူမဲ့ အဝေးထိန်း ကင်းထောက် လေယာဉ်များ တပ်ဖြန့်ရန် အတွက် စီစဉ်လျက် ရှိသည်။ တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ အကြား အငြင်းပွားလျက် ရှိသည့် ကျွန်းစု အနီးရှိ ရေပိုင်နက် အတွင်း၌ လုံခြုံရေး တိုးမြှင့်ရန် အတွက် "Global Hawk" မောင်းသူမဲ့ လေယာဉ်ကို စတင် တပ်ဖြန့်ရန် စီစဉ်လျက် ရှိသည်ဟု ဂျပန်နိုင်ငံ ကာကွယ်ရေး ဌာနမှ ယမန်နေ့က ပြောကြား ခဲ့ကြောင်း "Kyodo News" သတင်းစာ၏  ဖော်ပြ ချက်အရ သိရသည်။
 
kyodo news

အဖေနှင့်သမီးအတူနေကလေးရရှိပြီးပတ်ဝန်းကျင်မှ မသင်္ကာ ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားဖမ်းဆီး


အသက် ၄၆ နှစ်အရွယ် ဂျော့ ဆေယာနှင့်သမီးဖြစ်သူ အသက် ၂၃ နှစ် အရွယ်ရှိ
တစ်ဖနီ ဟာ့တ်ဖို့ဒ်တို့သည် တစ်အိမ်တည်းအတူနေကြပြီး ကလေးတစ်ယောက်ရရှိ
လာသဖြင့် ပတ်ဝန်းကျင်မှ သင်္ကာမကင်းဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားခဲ့ကြသည်။

တာဝန်ရှိသူများက သမီးနှင့် ဖခင်တို့၏ DNA များကို စစ်ဆေးသောအခါမှ ထိုကလေးသည် သူတို့နှစ်ဦး၏ ကလေးဖြစ်နေကြောင်း သိရှိခဲ့ရသည်။

ဘီသဲလ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဟာ့တ်ဖို့ဒ်၏ ယခင် သူငယ်ချင်းဖြစ်သူက သတင်းပေးသဖြင့် သူတို့နှစ်ဦးကိုခေါ်ကာ DNA စစ်ဆေးခဲ့ရခြင်းဖြစ်ကြောင်း၊ ဟာ့တ်ဖို့ဒ်သည် သူတို့ကို အပြာစာအုပ်နှင့် ဓာတ်ပုံများ၊ ဗီဒီယိုကားများ လာရောင်းလေ့ရှိကြောင်း၊ ထိုအလုပ်ကို သူမသည် အသက် ၁၆ နှစ်အရွယ်ကတည်းက လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ရဲများက သူတို့အိမ်သို့ဝင်ရောက်စစ်ဆေးရာတွင်  ဂျော့ ဆေယာ၏ ကွန်ပျူတာအတွင်းမှ သမီးဖြစ်သူကိုယ်တိုင် ၀တ်လစ်စလစ်ဖြင့် ပုံစံအမျိုးမျိုးပေးပြီး ရိုက်ကူးထားသည့်ပုံများကို တွေ့ခဲ့ရသည်။ သမီးဖြစ်သူက သူမသည် ကိုယ်တိုင် ဖခင်ဖြစ်သူနှင့် ကိုယ်ဝန်မရမီက အပြာဇာတ်လမ်းများတွင် သရုပ်ဆောင်ခဲ့ရကြောင်း ၀န်ခံထွက်ဆို ခဲ့သည်။

ဟာ့တ်ဖို့ဒ်၏ သူငယ်ချင်းဖြစ်သူက သူမသည် ထိုအခွေများကို တစ်ခွေလျှင် ဒေါ်လာ ၄၀ ဖြင့် လိုက်လံရောင်းနေ ကြောင်း၊ ဓာတ်ပုံများကိုလည်း တစ်ပုံလျှင် ၅ ဒေါ်လာဖြင့်ရောင်းကြောင်း၊ သူတို့ သားအဖအတူနေသည်ကို သူမ ကိုယ်တိုင်တွေ့မြင်ခဲ့ရကြောင့် ၀န်ခံပြောဆိုခဲ့သည်။

ရဲများကစစ်ဆေးစဉ် ပထမ၌ သူတို့နှစ်ဦးစလုံး ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်း စစ်ဆေးမှုရလဒ်ထွက်လာမှ သူမ၏ မိခင်ဖြစ်သူကလည်း အစ်ကိုဖြစ်သူနှင့် အတူအိပ်ပြီး၊ သူမကိုယ်တိုင် ဖခင်နှင့်အတူအိပ်ခဲ့ရကြောင်း ၀န်ခံ သွားသည်ဟု သိရသည်။

သားအဖနှစ်ဦးစလုံးကို လက်ရှိစစ်ဆေးရန် ဖမ်းထားပြီး မဖွယ်မရာပြုလုပ်မှု၊ ပူးပေါင်းကြံစည်မှု၊ တရားမ၀င် ဓာတ်ပုံနှင့် ဗီဒီယိုခွေများရောင်းချမှုတို့ဖြင့် ဖမ်းဆီးအရေးယူသွားမည်ဟုသိရသည်။

မောက္ခနိုင်ငံတကာသတင်း

ဟောင်ကောင်အကြီးအကဲ ရာထူးကထွက်ဖို့ တောင်းဆိုဆန္ဒပြ

 

 

တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံနဲ့ ဟောင်ကောင်ကျွန်းကို အုပ်ချုပ်နေပြီး
နာမည်ပျက် သတင်းတွေ ထွက်နေတဲ့အမှုဆောင် အရာရှိချုပ် ရာထူးက ဆင်းပေးပြီး၊

ကိုယ်ပိုင် ခေါင်းဆောင်တွေကို ရွေးချယ် တင်မြှောက် ခွင့်ရရေး တောင်းဆိုပြီး ဟောင်ကောင် ဒေသခံ ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။

 ဟောင်ကောင်ကျွန်းရဲ့ အကြီးအကဲ Leung Chun-ying ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ ကြွေးကြော်သံတွေ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ချီတက် ဆန္ဒပြသူပေါင်းဟာ ၁၇,၀၀၀ လောက် ရှိတယ်လို့လည်း ရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ တာဝန်ယူ အုပ်ချုပ်နေတဲ့ Leung Chun-ying ဟာဆိုရင် မြေနေရာ ရှားပါးတဲ့အတွက် ကျပ်ကျပ်သပ်သပ် နေထိုင်နေကြရတဲ့ ဟောင်ကောင်မှာ သူ့ကိုယ်ပိုင် ဇိမ်ခံအိမ်ခန်းတွေကို တရားမ၀င် ဆောက်လုပ်ခဲ့တဲ့ကိစ္စ လူသိရှင်ကြား ဖြစ်ခဲ့ရချိန်ကစလို့ ဆန့်ကျင်ဝေဖန်မှုတွေ ခံနေရတာပါ။

ဒီဇင်ဘာလ ထဲမှာတုန်းကလည်း Leung Chun-ying အပေါ် အယုံအကြည်မရှိ အဆိုတရပ် တင်သွင်းခဲ့ပေမဲ့ တရုတ်အစိုးရ လိုလားသူ ဥပဒေပြု အမတ်တွေ ရဲ့ ထောက်ခံမှုနဲ့ ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။

 ဗြိတိန်နိုင်ငံကနေ ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံက ပြန်လည် လွှဲပြောင်းရယူခဲ့တဲ့ ဟောင်ကောင်မှာ အုပ်ချုပ်မယ့်သူတွေကိုတော့ လတ်တလော တရုတ်အစိုးရကသာ ရွေးချယ် ခန့်ထားနေတာဖြစ်ပြီး ဟောင်ကောင်ကျွန်းသားတွေ ကိုယ်တိုင် ရွေးချယ်ခွင့်ကိုတော့ ၂၀၁၇ ခုနှစ်ကျမှ ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။

 VOA  (မြန်မာပိုင်း)

၂၀၁၁ ခုနှစ်အတွက် ရွေးချယ်ပေးအပ်ခဲ့သည့် အကယ်ဒမီဆုအချို့နှင့် ပတ်သက်၍ ပရိသတ်များနှင့် အင်တာနက်စာမျက်နှာများထက်တွင် ဝေဖန်မှုများ ထွက်ပေါ်


၂၀၁၁ ခုနှစ်အတွက် ရွေးချယ်ပေးအပ်ခဲ့သည့် အကယ်ဒမီဆုများနှင့် ပတ်သက်
၍ အကယ်ဒမီပွဲကျင်းပအပြီးတွင် ပရိသတ်များနှင့် အင်တာနက်စာမျက်နှာများထက်
တွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်ဟု သိရှိရသည်။

 ယခုနှစ်တွင် ထူးချွန်ဆုရှစ်ဆုဖြင့် ဆုအများဆုံးရယူသွားခဲ့သော “ထာဝရ အလင်းတန်းများ” ဇာတ်ကားသည် တရုတ်ရုပ်ရှင်ဇာတ်ကား “The Road Home” ၏ ဇာတ်လမ်းကျောရိုးနှင့် ဆင်တူနေသည်ဟူသော ဝေဖန်ချက်၊ အမျိုးသားသရုပ်ဆောင်ဆု ရရှိသွားခဲ့သူမှာ ပရိသတ်သိရှိမှု နည်းပါးနေသေးသည့် မျက်နှာသစ်သရုပ်ဆောင်တစ်ဦး ဖြစ်သည်ဟူသော ဝေဖန်ချက်၊ 

အမျိုးသမီးဇာတ်ဆောင်ဆု ရရှိသူ၏ ကျေးဇူးတင်စကားအပေါ် ဝေဖန်ချက်များမှာ အကယ်ဒမီဆုပေးပွဲ ချီးမြှင့်ပြီးချိန်မှစ၍ ပရိသတ်များကြားနှင့် အင်တာနက်စာမျက်နှာများထက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့လွင့်လာခဲ့ခြင်း ဖြစ်သည်။


အကယ်ဒမီဆုပေးပွဲကို စောင့်ကြည့်အားပေးသူ ပရိသတ်တစ်ဦးက “ဒီနှစ်ရသွားတဲ့ဆုတွေကတော့ တော်တော်လေးကို အံ့သြစရာကောင်းတယ်လို့ ဆိုရမှာပါ။ ဆုတွေအများကြီး ရသွားတဲ့ကားကလည်း တကယ်တမ်းကျတော့ ဟိုအရင်ကတည်းကရှိနေခဲ့ဖူးတဲ့ ဇာတ်လမ်းပုံစံပါပဲ။ 

ဆရာက အနစ်နာခံတဲ့ ဇာတ်လမ်းပုံစံမျိုးဆိုတာ ဘယ်သူပြိုင်လို့လှပါတော့နိုင် ဇာတ်ကားကတည်းက ရိုက်လာလိုက်တာ အခုချိန်ထိကို ထပ်တလဲလဲကြည့်ပြီးနေတဲ့ ပုံစံပါပဲ။ ပိုဆိုးတာက အဲဒီကားရဲ့ ကျောရိုးက တရုတ်နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတစ်ကားနဲ့ တူနေတယ်ဆိုတာကြောင့် ပိုပြီးစိတ်မကောင်းဖြစ်ရပါတယ်။ 

တကယ်တမ်းကျတော့ ဒီနှစ်အကယ်ဒမီပွဲက အားလုံးက သေချာမျှော်လင့်ထားတယ်လို့ ပြောလို့ရပါတယ်။ အဆင့်ဆင့် အကဲဖြတ်စေတယ်တို့ အနုပညာရှင်တွေထဲမှာ အကဲဖြတ်အဖွဲ့ဝင်တွေ ပါတယ်တို့ဆိုတာတွေကြောင့် ပိုပြီးစိတ်ဝင်စားရသလို ရန်ကုန်မှာ ပြန်လည်ကျင်းပခွင့်ပြုခဲ့တာကြောင့် ပရိသတ်ပေးတဲ့ဆုနဲ့ တကယ်ချီးမြှင့်တဲ့ဆုတွေ တစ်ထပ်တည်းကျမယ်လို့ ထင်မြင်ယူဆခဲ့ပါတယ်။ 

အခုတော့ အဲဒီလိုမဟုတ်ဘဲ အမျိုးသားသရုပ်ဆောင်ဆုရတဲ့သူဆိုရင် တချို့ကြားတောင်မကြားဖူးပါဘူး။ ပထမဆုံးဇာတ်ကားနဲ့ အကယ်ဒမီရတယ်ဆိုတဲ့ အစဉ်အလာလည်း ရှိခဲ့ဖူးတယ်ဆိုပေမယ့် ဆုကြေညာအပြီး ဆုရတဲ့ပြကွက်တွေ ပြသစဉ်ကြည့်ဖြစ်တာကတော့ တအားထူးခြားတဲ့ သရုပ်ဆောင်မှုတွေ မတွေ့ရပါဘူး။ 

ဒီနှစ်ပေးတဲ့ဆုတွေအပေါ် အဲဒီလိုဘ၀င်မကျမှု ခံစားချက်တွေနဲ့ပဲ ပြီးသွားခဲ့တာပါ။ အများစုလည်း အဲဒီလိုပဲခံစားရမယ် ထင်ပါတယ်။ ကိုမော့စ်ရတာကိုတော့ ၀မ်းသာကြပါတယ်” ဟု အကယ်ဒမီဆုများနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်ခဲ့ပါသည်။



ရုပ်ရှင်အစည်းအရုံးအနေနဲ့က ဆပ်ကော်မတီတွေမှာ လေ့လာသူအနေနဲ့ပဲ ပါဝင်ခွင့်ရခဲ့တာပါ။ အကဲဖြတ်အဆင့်ဆင့်မှာ အနုပညာရှင်တွေ ပါဝင်ခွင်ရခဲ့တယ်ဆိုတာကလည်း ရာနှုန်းပြည့်ပါဝင်ခွင့်ရတာမဟုတ်ဘဲ အတိုင်းအတာတစ်ခုအနေနဲ့ပဲ ပါဝင်ခဲ့တာပါ။ အခုဆုရသွားတဲ့ ထာဝရအလင်းတန်းများ ဇာတ်ကားက တရုတ်ဇာတ်ကားနဲ့ ဆင်နေတယ်လို့ ဝေဖန်ချက်တွေ ထွက်ပေါ်နေတယ်။ အဲဒီတရုတ်ဇာတ်ကားကို ကျွန်တော်မကြည့်ဖူးပါဘူး . . .

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာတွင် အကယ်ဒမီဆုရှစ်ဆု ရရှိသွားခဲ့သည့် ရုပ်ရှင်ဇာတ်ကားမှာ နိုင်ငံခြားဇာတ်ကား၏ ဇာတ်လမ်းကျောရိုးနှင့် ဆင်တူနေမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် အကယ်ဒမီ စိစစ်အကဲဖြတ်မှု စည်းမျဉ်းတွင် 

ယင်းကဲ့သို့ နိုင်ငံခြားဇာတ်ကားများအပေါ် မှီငြမ်းရိုက်ကူးမှုနှင့် ပတ်သက်၍ စည်းမျဉ်းသတ်မှတ်ထားမှုများ ရှိမရှိအား အကယ်ဒမီနောက်ဆုံးအဆင့် အကဲဖြတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒါရိုက်တာ ကြည်စိုးထွန်းကို မေးမြန်းခဲ့ရာ “အကယ်ဒမီစည်းမျဉ်းမှာတော့ တိုက်ရိုက်ကူးပြီး ပြန်ရိုက်မယ်ဆိုရင်တော့ မပေးပါဘူး။ ဇာတ်လမ်းကျောရိုးဆင်တာမျိုးကိုတော့ အစဉ်အလာတစ်လျှောက် ပေးခဲ့တဲ့ထုံးစံ ရှိပါတယ်။ 

အခုလည်းဒီကားက တရုတ်ဇာတ်ကားနဲ့ နည်းနည်းဆင်နေတယ်လို့ သိရပါတယ်။ ဆုရရှိသွားတဲ့ သူတွေနဲ့ပတ်သက်လို့ကတော့ သိပ်အများကြီးမပြောချင်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

ယခုနှစ်ပြုလုပ်ခဲ့သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက် အကယ်ဒမီဆုချီးမြှင့်ပွဲအပြီးတွင် အင်တာနက်စာမျက်နှာများထက်၌ ရုပ်ရှင်အစည်းအရုံးနှင့်ပတ်သက်၍ လည်းဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ 

 “ပထမဆုံးပြောချင်တာက အများစုထင်နေကြသလို အခုနှစ်အကယ်ဒမီပေးပွဲက ရုပ်ရှင်အစည်းအရုံးက ရွေးချယ်ပေးအပ်တာ မဟုတ်ပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနကပဲ စီစဉ်ပေးအပ်ခဲ့တာပါ။

 ရုပ်ရှင်အစည်းအရုံးအနေနဲ့က ဆပ်ကော်မတီတွေမှာ လေ့လာသူအနေနဲ့ပဲ ပါဝင်ခွင့်ရခဲ့တာပါ။ အကဲဖြတ်အဆင့်ဆင့်မှာ အနုပညာရှင်တွေ ပါဝင်ခွင့်ရခဲ့တယ်ဆိုတာကလည်း ရာနှုန်းပြည့်ပါဝင်ခွင့်ရတာ မဟုတ်ဘဲ အတိုင်းအတာတစ်ခုအနေနဲ့ပဲ ပါဝင်ခဲ့တာပါ။ 

အခုဆုရသွားတဲ့ ထာဝရအလင်းတန်းများဇာတ်ကားက တရုတ်ဇာတ်ကားနဲ့ဆင်နေတယ်လို့ ဝေဖန်ချက်တွေ ထွက်ပေါ်နေတယ်။ အဲဒီတရုတ်ဇာတ်ကားကို ကျွန်တော်မကြည့်ဖူးပါဘူး။

 နောက်တစ်ခုက မှီငြမ်းထားတဲ့ဇာတ်ကားတွေကို အကယ်ဒမီပေးတဲ့အစဉ်အလာကလည်း ရှိခဲ့ပြီးသားပါ။ ဒီအပေါ်မှာ ဝေဖန်ချက်မပေးလိုပါဘူး။ 

အမျိုးသားသရုပ်ဆောင်သစ်လေး ဆုရသွားတာနဲ့ ပတ်သက်လို့ကတော့ ပထမဆုံးတစ်ကားနဲ့တင် အကယ်ဒမီရခဲ့ဖူးတာ များစွာရှိပါတယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့ကတော့ အကဲဖြတ်အဖွဲ့မှာ ပါဝင်ခွင့်ရတဲ့ အနုပညာရှင်တွေကို သူတို့အကဲဖြတ်ခဲ့တာနဲ့ ဆုရသွားတဲ့ရလဒ်တွေက ဘယ်လောက်ရာခိုင်နှုန်းအထိ ကိုက်ညီမှုရှိလဲဆိုတာ ပြန်လည်သုံးသပ်ဖို့ ရှိပါတယ်။

 ၆၀ ရာခိုင်နှုန်း ကိုက်ညီမယ်ဆိုရင်တော့ လက်ခံရမှာပါပဲ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရှင်းပြခဲ့ပါသည်။ 

“ထာဝရအလင်းတန်းများ” ဇာတ်ကားအား ရိုက်ကူးသူဒါရိုက်တာ ထွန်းအောင်ဇော်အား မေးမြန်းခဲ့ရာ “ဒီဇာတ်ကားက ရုပ်ပြမိုးကြိုးရဲ့ဇာတ်လမ်းကို ရိုက်ကူးခဲ့တာပါ။ 

 ရုပ်ပြမိုးကြိုးက လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ရေးဆွဲခဲ့တဲ့ ဇာတ်လမ်းပါ။ အဲဒီတုန်းက ဒီတရုတ်ဇာတ်ကား မထွက်သေးဘူးထင်ပါတယ်။ 

 အခုကျွန်တော်ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးရာမှာတော့ တရုတ်ရုပ်ရှင်ဇာတ်ကားထဲမှာပါတဲ့ ကျောင်းဆရာလေးက ကျေးတောသူကို ကလစ်လက်ဆောင်ပေးတဲ့အခန်းလေးကိုတော့ သဘောကျတာနဲ့ ယူသုံးထားပါတယ်။ ကျန်တဲ့ဇာတ်ကျောရိုးကတော့ မတူပါဘူး။ 

ဘာပဲဖြစ်ဖြစ် ဇာတ်ကားတစ်ကားဖန်တီးတဲ့အပိုင်းမှာ ဒါရိုက်တာကပဲ စလယ်ဆုံးဖန်တီးတာဖြစ်တဲ့အတွက် ကျွန်တော့်မှာပဲ တာဝန်ရှိပါတယ်” ဟု ဖြေကြားခဲ့ပါသည်။

Eleven Media Group

Tuesday, 1 January 2013

ဒီဇင်ဘာ(၃၁) ရခိုင်အချုပ်အခြာအာဏာ ကျဆုံးနေ့ ဝမ်းနည်းဖွယ်အခမ်းအနား ပြည်တွင်းပြည်ပကျင်းပ

ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်လာခဲ့သော ရခိုင်တို့၏ ဘုရင့်အချုပ်အခြာအာဏာကျဆုံးသည့် ၂၂၈ နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ပြည်တွင်းပြည်ပ ရခိုင်ပြည်သူများက ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်လူမျိုးတို့သည် ဘီစီ ၃၃၁၅မှ အေဒီ၁ ၇၈၄ ခုနှစ်အထိ နှစ်ပေါင်းငါးထောင်ကျော်တိုင်အောင် ကိုယ့်ထီး၊ကိုယ့်နန်း၊ ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် ဓညဝတီ၊ ဝသာလီ၊ လေးမြို့နှင့် နောက်ဆုံး မြောက်ဦးခေတ်အထိ နိုင်ငံတစ်နိုင်ငံအဖြစ် သီခြားရပ်တည် နေထိုင်ခဲ့သည့် လူမျိုးတစ်မျိုးဖြစ်သည်။
No Foo
ထို့ကြောင့် အချုပ်အခြာအာဏာကျဆုံးခဲ့ရသည့် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မဲဆောက်မြို့၊ ဖူးကတ်မြို့၊ နို့ဖို့ဒုက္ခသည်စခန်း၊ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနား ကာဘိုရိုမြို့၊ အိုင်အိုဝါ(IOWA, Des Moines)မြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ်မြို့၊ တောင်းတန်းဒေသ စသောမြို့များတွင် ပြုလုပ်ကြပြီး ပြည်တွင်းတွင် ရန်ကုန်နှင့် စစ်တွေမြို့၊ ရသေ့တောင်မြို့တို့တွင်လည်း ရခိုင်လူမျိုးတို့၏ မမေ့အပ်သည့်နေ့တစ်နေ့အဖြစ် ဝမ်းနည်းဖွယ်ကျင်းပခဲ့ကြောင်း သိရသည်။
" ကျနော်တို့ ရခိုင်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ ဗမာလူမျိုးတွေရဲ့ အုပ်ချုပ်မှုအောက်မှာ အဖိနှိပ်ခံနေခဲ့ရတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်မှုအောက်မှာ လည်းဖိနှိပ်မှုမျိုးစုံကို ခံလာခဲ့ရတယ် ယခုတိုင်လည်း ခံနေဆဲဖြစ်တယ်။ စစ်တပ်က လယ်ယာမြေတွေကို သိမ်းတယ်၊ ရွာတွေကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းတယ်။ ပြီးတော့ စီမံကိန်းတွေကို တည်ဆောက်တယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း စစ်အစိုးရခေတ်အဆက်ဆက် ဖျက်ဆီးလာခဲ့ကြတဲ့အတွက် အခုဆိုရင် တိမ်ကောပျောက် ကွယ်လုဆဲဆဲဖြစ်နေပြီ။ ရခိုင်ပြည်သူလူထုတွေဟာ ယခုအချိန်ထိ ဘဲဒုက္ခမျိုးစုံခါးစည်း ခံနေကြရတယ်။ ဒီလို နိုင်ထက်စီးနင်း ဖိနှိပ်မှုတွေ ခံနေရတာဟာ ရခိုင်လက်ထဲမှာ ကိုယ်ပိုင်အချုပ်အခြာအာဏာမရှိလို့ဘဲ။ အချုပ်အခြာအာဏာရရှိဖို့အတွက် ရခိုင်လူမျိုးတွေ စည်းရုံးရမယ်၊ တစ်ဦးချင်းတစ်ယောက်ချင်းအနေနဲ့လည်း အရည်အခြင်းတွေမြှင့်တင်ရမယ်၊ ဆုံးရှုံးနေတဲ့ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လူ့အခွင့်အရေးကို ရရှိအောင်လုပ်ဆောင်ရမယ်။ ဒါမှ ရခိုင်လူမျိုးတွေ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်လာမယ်၊ တင့်တင့်တယ်တယ်ဖြစ်လာမယ်။ " ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက မဲဆောက်မြို့၌ ကျင်းပသော အခမ်းအနားတွင် ပြောကြားခဲ့သည်။
" ရခိုင်ပြည် လွတ်လပ်ရေးကို ရခိုင်သားတိုင်းကတိုက်ယူရမယ်။ အချုပ်အခြာအာဏာမရမချင်း ရအောင်တိုက်ပွဲဝင်ရမယ်။ ရခိုင်ပြည်ဟာအင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ပေမယ့် ဗမာလက်အောက်မှာ ဆက်လက်ပြီး ကျွန်ပြုခံနေရတယ်။ ဒါကြောင့် ရခိုင်သားတိုင်းဟာ မိမိတို့တတ်ထားတဲ့ပညာကို ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းဆောင်သွားကြရမယ်။ " ဟု အမေရိကန်၌ ကျင်းပသော အခမ်းအနားတွင် သဘာပတိဦးထွန်းဝင်းက ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်းစောင်၌ ပြည်ပရောက်ရခိုင်မျိုးချစ်များနှင့် ရခိုင့်နိုင်ငံရေးအင်အားစုများမှ စုပေါင်းကျင်းပသော အခမ်းအနားတွင်လူပေါင်း (၁၀၀၀)ကျော် တက်ရောက်ကြပြီး ၄င်းအခမ်းအနားသို့ စစ်ဦးစီးချုပ် ဦးထွန်းမြတ်နိုင် (ရက္ခိုင်တပ်မတော်)၊ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် (ရခိုင်လွတ် မြောက်ရေးပါတီ)၊ ရခိုင့်ရဟန်းပျိုများသမဂ္ဂ အပါအဝင် ပြည်ပရောက် ရခိုင်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအတွင် " ရခိုင်အချုပ်အခြာအာဏာ ကျဆုံးရခြင်းဟာ စည်းလုံးမှုမရှိလို့ ကျဆုံးရတာဖြစ်တယ်။ ကျဆုံးရတာနဲ့ ပတ်သတ်လို့ အခုရှိနေကြတဲ့ ရခိုင်ပြည်သူလူတွေဟာ ရှေ့ကဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ဒီအချိန်မှာသင်ခန်းစာယူရမယ်။ နောက်ပြီးတော့ အခုအချိန်မှာ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်။ ဒါကြောင့်ပြည်သူလူတွေမှာ အခွင့်အရေးတွေရှိလာပြီဖြစ်တယ်။ ပြည်တွင်းမှာ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ကို ကျင်းပခွင့်ရလာကြတယ်။ " ဟုရက္ခိုင်တပ်မတော်က ပြောကြားသွားကြောင်း သတင်းသွားယူသည့် အာရ်ကန်တိုင်းမ်စ် သတင်းထောက် ကိုမင်းသွီး၏ သတင်းပေးပို့ချက်အရ သိရသည်။
" ရခိုင်လူမျိုးတချို့ ဧရာဝတီတိုင်းမှာနေကြတယ်။ မိခင်ဖခင်ဟာရခိုင်ဖြစ်တယ်။ ဒါပေမယ့်မှတ်ပုံတင်မှာ ရခိုင်လူမျိုးမဟုတ်ဘူး၊ ဗမာလူမျိုးဖြစ်နေတယ်။ ဒါဆိုရင်ရခိုင်လူမျိုးတွေဟာ ဗမာလူမျိုးဖြစ်သွားပြီပေါ့။ ဒီလိုမျိုးဖြစ်ရတာဟာ ကျနော်တို့ရခိုင်လူမျိုးမှာ အချုပ်အခြာအာဏာမရှိလို့ပဲ။ အဲဒါကြောင့် ရခိုင်လူမျိုးတွေ ကျွန်ဘ၀ကလွတ်မြောက်ဖို့ တောခိုပြီးကြမ်းတမ်းတဲ့ ဘ၀နဲ့လက်နက်ကိုင် တိုက်ပွဲဝင်ရမယ်။ ပြီးတော့ ကလောင်ကိုင်ပြီးတော့လည်း ရခိုင်နိုင်ငံအတွက် တိုက်ပွဲဝင်ရမယ်လို့ တိုက်တွန်းချင်ပါတယ်။ ရခိုင်မျိုးချစ်များ နိုင်ငံရေးမျိုးစေ့များချကာ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ " ဟု ထိုင်းနိုင်ငံ နို့ဖို့ဒုက္ခသည် စခန်း၌ပြုလုပ်သော ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွင် ရခိုင်မျိုးချစ်ဖြစ်သူ ကိုအောင်ဖြိုးက ပြောသည်။
၂၂၈ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနေ့ ဝမ်းနည်းဖွယ်အခမ်းအနားကို ပြည်တွင်းပြည်ပရှိရခိုင်များ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
No Foo 1
Foo Kat
ထိုင်းနိုင်ငံ ဖူးကတ်တွင် ၂၂၈ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား ကျင်းပနေစဉ်
b
bk
Bangala 1
Bangala
FLK 3
ဘင်္ဂလာ(ဖလောင်းချိပ်)တွင် ကျင်းပနေစဉ်
FLK 2
Armarica 1
IOWA 3
228 Day 1
Switty
Min Bar
မင်းပြားမြို့တွင် ကျင်းပနေစဉ်
Yangon
ရန်ကုန်တွင် ကျင်းပနေစဉ်
Yangon 2
yan1
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခမ်းမတွင် ကျင်းပနေစဉ်

Y 1/


arakantimes

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...