ဧပြီလ ၂၄ ရက်က ၁၅၀၀ နှင့်ရောင်းချပေးခဲ့သော CDMA 800 MHZ ဖုန်းများသည်
ရန်ကုန်မြို့ ပြင်ပမြို့နယ်အချို့ တွင် လိုင်းမမိခြင်းများဖြစ်ပေါ်
နေကြောင်း သိရသည်။
““ကျွန်တော်မနေ့က အလုပ် ကိစ္စနဲ့
သိမ်ဇရပ်ကိုသွားရပါတယ်။ ကျွန်တော်အခုရောင်းချပေးတဲ့ ၁၅၀၀ တန် CDMA 800 MHZ
ဖုန်းကိုယူသွားတယ်။ ရန်ကုန်မြို့ အတွင်းမှာတော့ လိုင်းမိပါသေး တယ်။
မြို့ပြင်ရောက်တော့ လိုင်း မမိတော့ဘူး။ အလုပ်လုပ်ရမယ့်
သိမ်ဇရပ်ရောက်တော့လည်း လိုင်းကမမိဘူး””ဟု ဒဂုံတောင်ပိုင်း မြို့နယ် ၁၅၀၀
ဖုန်းဝယ်ယူသုံးစွဲ ခဲ့သူတစ်ဦးကပြောသည်။
““ကျွန်မရန်ကုန်နဲ့ နေပြည် တော်ကို ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ၂၄ ရက်က ၁၅၀၀ တန် ဖုန်းတွေကို ရောင်းချပေးတယ်။အခုရောင်းပေးတဲ့ ဖုန်းတွေကို
ကိုင် ကြည့်ချင်တာနဲ့ ညီမလေးဆီက နေယူသွားကြည့်တယ်။ ဒါပေမဲ့
ရန်ကုန်မြို့ပြင်ရောက်တော့ လိုင်း တွေကမမိတော့ဘူး။ နေပြည် တော်ကို
အဲဒီဖုန်းကိုယူသွားတော့ လမ်းတောက်လျှောက်မှာ လိုင်း တွေက မမိဘူး။
ဖြူးကိုရောက် တော့ ဒီဖုန်းတွေက တိုင်တောင် မပေါ်ဘူး””ဟု ဗဟန်းမြို့နယ်နေ
၁၅၀၀ ဖုန်းသုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက် သွယ်ရေးမှ
အင်ဂျင်နီယာဦးစိုး အောင်က ““အခုရောင်းချပေးတဲ့ CDMA 800 MHZ ဖုန်းတွေက
ပြောလို့ရတဲ့မြို့တွေမှာ ရောင်းချ ပေးတာပဲဖြစ်ပါတယ်။ အခြားမြို့ တွေကို
သယ်သွားရင်တော့ ပြော လို့ရမှာမဟုတ်ပါဘူး။ နောက်ပြီး
မြန်မာတစ်နိုင်ငံလုံးသယ်ဆောင် ပြီးတော့ ပြောနိုင်ဖို့ဆိုတာ အခု
လောလောဆယ်တော့ ရနိုင်ဦး မှာမဟုတ်ပါဘူး””ဟု ပြောကြားခဲ့ သည်။မှ-HN
၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်
““ကျွန်မရန်ကုန်နဲ့ နေပြည် တော်ကို ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ၂၄ ရက်က ၁၅၀၀ တန် ဖုန်းတွေကို ရောင်းချပေးတယ်။အခုရောင်းပေးတဲ့
၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group