အိုဘားမား မြန်မာခရီးစဉ် ပြည်သူများကို မိန်းခွန်းပြော
အမေရိကန်သမ္မာတ မြန်မာခရီးစဉ်သည် ၊မြန်မာပြည် ဒီမိုကရေစီ လမ်းစဉ်အတွက် အခွင့်အလမ်းများ ပိုအားကောင်းလာ
ကျွန်မလေး ပြည်သူ့ကို ချစ်ပါတယ်လို့ပြောသွားတဲ့ ဒေါ်စု
နိုင်ငံရေးကို လိမ်ညှာ လှည့်ဖြား၍ မလုပ်ပါဟု ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ရုပ်ရှင်သရုပ်ဆောင်နေတိုး မာန်အောင်ပြည်သူများ လှိုက်လှဲစွာကြိုဆို
ယခုအချိန်တွင် top one အဆင့်တွင် ရပ်တည်နေသော ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုး
မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရ
မာန်အောင်တောင်သူလယ်သမားများ အစိုးရ အဖွဲကို ဆပ်ကြေးများ ပေးဆောင်နေရ
စစ်တပ်အမိန့်ထုတ်ပြန် တအိမ်လျှင် ကျပ် ၁၅၀၀၀ ကောက်ခံ မပေးဆောင်လျှင် စစ်တတ်က အရေးယူဆောင်ရွက်မည်ဟု ညှင်းဆဲ ရိုက်နက် ချိန်းခြောက်မှုခံနေရ
Friday, 5 April 2013
သူတောင်းစားတဦးက ဘုရားကို နောက်ထပ် ဘတ် ၁ သန်း လှူဒါန်း
တောင်းရမ်းစားသောက်ရသူ သူတောင်းစား တဦးအနေနဲ့ ထိုင်းဘတ်ငွေ သန်းချီပြီး လှူဒါန်းနိုင်တယ်ဆိုတာ မယုံနိုင် စရာ ဖြစ်ပေမယ့် ဒါက တကယ့်လက်တွေ့မှာ ရှိနေပါတယ်။ ထိုင်းနိုင်ငံ နခွန်ပထုန်ရှိ ကျော်ကြားတဲ့ ဘုရားတဆူဖြစ်တဲ့ ၀ပ်ရိုင်းခင်း ကို နာမည်ကြီး ထိုင်း သူတောင်စား ကြီး တဦးက ထိုင်းဘတ်ငွေ နောက်ထပ် ၁ သန်း (ကျပ် သိန်း ၃၀၀ ခန့်) ကို ယမန်နေ့က ထပ်မံ လှူဒါန်း လိုက်ပါတယ်။
ဘန်ကောက်က ၅၆ ကီလိုမီတာ ဝေးတဲ့ ဆမ်ဖရမ်ခရိုင်က ၀ပ်ရိုင်းခင်း ဗုဒ္ဓ ဘာသာ ဘုရားကျောင်းရှေ့ မှာ နေ့စဉ်ဘဲ မိုးလင်းက မိုးချုပ်ထိ ထိုင်နေတတ်တဲ့ အသက် ၆၃ နှစ်ရှိ မစ္စတာ အိုင်ယမ် ကမ်ဘီရာနွန်အဲဒီ အလှူကြီးကို ပေးခဲ့တာ လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်း စာမှာ ဖော်ပြထားပါတယ်။ မစ္စတာ အိုင်ယမ်ဟာ ဒီ ဘုရားကျောင်းရှေ့မှာ တောင်းရမ်း နေခဲ့တာ ၃၄ နှစ်တောင်ရှိပါပြီ။
သူ့ကို ဘယ် ဆွေမျိုးကမှလည်း မစောင့်ရှောက်ကြပါဘူး။ ခင်လိုဖွယ် ယဉ်ကျေးတဲ့ သူတောင်းစားကြီး မစ္စတာ အိုင်ယမ်ဟာ ဘေးနားက ဖြတ်သွားသူတွေကို ဘယ်တော့မှ လှူဖို့ တန်းဖို့ ပြောလေ့မရှိပါဘူး။ သူ့ဟာသူ ထိုင်နေလေ့ရှိပြိး သူ ထိုင်နေတဲ့ ဘေးနားမှာ သံမဏိ သေတ္တာလေးချထားမယ်၊ သူတောင်း ရမ်းလို့ရတဲ့ ပိုက်ဆံတွေကို အဲဒီ သေတ္တာလေးထဲ ထည့်သိမ်းမယ်။
အဲဒီမှာတော့ သူ့ကို လှူဒါန်းစွန့်ကြဲကြတဲ့ ဓာတ်ပုံလေးတွေ၊ အဲဒီဘုရား ကျောင်း ကို သူလှူခဲ့တဲ့ အလှူငွေ ဖြတ်ပိုင်းတွေ နဲ့ မှတ်တမ်းစာရွက်တွေ၊ သူ့ပိုက်ဆံတွေထည့်တဲ့ ပလပ်စတစ်အိပ်ကြီးတလုံးရယ်၊ ဒါတွေကို ခင်းကျင်းပြ သထားမယ်။ အသက် ၄၂ နှစ်ရှိ ဘုရားလူကြီး မစ္စတာ ပွန်တက်ပ် ပတ်ထ၀ီက ပြောတာမှာတော့ မစ္စတာ အိုင်ယမ်ဟာ သူ့မှာ မသန် စွမ်းပေမယ့် ရိုကျိုးမှုတွေက သူနဲ့တွေ့ဖူးတဲ့ လူတွေကို သနားဂရုဏာသက် စေတာ အမှန်ပါ ဘဲတဲ့။
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီလတုန်းက အဲဒီဘုရားမှာ ဘုရားဖူးတွေအတွက် ကြာပန်းကြီး ၀ယ်ဖို့ ထိုင်း ဘတ်ငွေ ၄ သိန်း ဘုရားကို လှူခဲ့တဲ့ သတင်းဟာ အတော် ပျံ့နှံ့သွားပြီး အမည်မသိ သူတောင်းစား ဘ၀ကနေ လူသိရှင်ကြား ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် သူက ဘတ်ငွေ နောက်ထပ် ၉၉၉၉၉၉ ( ဘတ် ၁ သန်းခန့်) ကို အဲဒီဘုရားကို ထပ် လှူ လိုက်ချိန်မှာတော့ သတင်းခေါင်းကြီးပိုင်း နေရာတွေပါ သူက နေရာယူနိုင်ခဲ့ပါတယ်။
အခု သူလှူတဲ့ နောက်ထပ် ဘတ် ၁ သန်းဟာလည်း ကြာပန်းဝယ်ဖို့အတွက်နဲ့ ဘုန်းကြီးကျောင်း မှာ ပြန် လည် ထူထောင်ရေးအလုပ်တွေ လုပ်ဖို့အတွက်ပါတဲ့။ ပြောရရင် သူ လှူဒါန်းခဲ့တာ စုစုပေါင်း ဘတ်ငွေ ၂ သန်းကျော်နေပါပြီ။ ၀ပ်ရိုင်ခင်း ဘုရားကျောင်းဟာ နခွန်ပထုန်မှာ အကျော်ကြားဆုံး တွေထဲက တခုဖြစ်ပါတယ်။ တနင်္လာ က သောကြာထိ ကြားရက်တွေမှာ လူပေါင်း ၃ ထောင်လောက်လာကြပြီး စနေ၊ တနင်္ဂနွေတွေမှာတော့ လူ ၅ ထောင်ကနေ ၁ သောင်း ထိ လူတွေက အလည်သွားကြတဲ့ နာမည်ကြီး ဘုန်းကြီးကျောင်း တခုလည်း ဖြစ်ပါတယ်။ ဘုရားလူကြီး မစ္စ ပွန်ထက်ပ်က ပြောတာမှာတော့ မစ္စတာ အိုင်ယမ်ရဲ့ ကြီးကျယ်တဲ့ လှူဒါန်းမှု သတင်း ပျံ့နှံ့သွားပြီး သူလည်း လူသိရှင်ကြားဖြစ်ခဲ့ပေမယ့် သူက နေမြဲတိုင်း ရိုရိုကျိုးကျိုးပဲ နေဆဲပါဘဲတဲ့။
ဒါပေမယ့် ဘုန်းကြီးကျောင်းက ကျောင်းတိုင်ဆရာတော်က ကျောင်းဝန်းနားက သူငှားနေတဲ့ အိမ်ကို ရွှေ့ပြီး နေဖို့ တိုက်တွန်းခဲ့တာကိုတော့ သူက လက်ခံခဲ့ပါတယ်။ ဒါကလည်း မသမာသူတွေက သူ့ကို ပစ်မှတ်ထားပြီး ဒုက္ခပေးမှာစိုး လို့ပါ။ ဒါကြောင့်ဘဲ သူဟာ ဘုန်းကြီး ကျောင်းဝန်းထဲက မြေကြီးပေါ် တဲလေး ထိုးပြီး နေပါတယ်။ အရပ်ထဲက လုံခြုံရေးလုပ်ပေးကြတဲ့ စေတနာရှင်တွေကလည်း ဘုန်းကြီးကျောင်းထဲ ညတိုင်းလာပြီး သူ့ကို စောင့် ရှောက်တာတွေ လုပ်ပါတယ်လို့ ဘုရားလူကြီး ပွန်ထက်ပ်က ဆိုပါတယ်။
မစ္စတာ အိုင်ယမ်က ပြောတာကတော့ နှစ်စဉ် ဘုရားကိုသူလှူတဲ့ငွေတွေဟာ သူတောင်းရမ်းလို့ ရ တဲ့ ငွေအားလုံးနီးပါးပါ ဘဲတဲ့။ သူက တနင်္လာက သောကြာနေ့တွေထိ တရက်ကို ၀င်ငွေက ဘတ်ငွေ ၃ ထောင်က ၄ ထောင်လောက်ရှိပြီး စနေ၊ တနင်္ဂနွေဆိုရင် ဘတ်ငွေ ၂ သောင်းက ၄ သောင်းထိ ၀င်ငွေ ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး အဲဒီ ခရိုင်ထဲမှာ ရှိတဲ့ တခြား ဘုရားကျောင်းကန်တွေကိုလည်း သူက ဘတ်ငွေ ၁ သိန်းက နေ ၂ သိန်း လောက်ကိုလည်း လှူဒါန်း ပါသေးတယ်လို့ သူက ပြောပါတယ်။
ဧရာဝတီ

You mi
Thursday, 4 April 2013
မြောက်ဦးယဉ်ကျေးမှု ထိန်းသိမ်းရေး စိုးရိမ်ဘွယ် အနေအထား၌ ရှိနေဆဲ

ဧပြီလ ၀၄ ရက်၂၀၁၃ ခုနှစ်
ယမန်နှစ်က ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့(Global Heritage Fund) မှ
ထုတ်ပြန်သော အစီရင်ခံစာတွင်
မြောက်ဦးမြို့ကို အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့်ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ခုစာရင်းသွင်း ခဲ့ပြီး တနှစ်တာကြာသည့် ယနေ့အချိန်ထိ “မြောက်ဦးမြို့တော်၏ ရှေးဟောင်း
ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးမှာ လွန်စွာစိုးရိမ်ဘွယ် အနေအထား၌ပင် ရှိနေဆဲဖြစ်ကြောင်း” ရခိုင်သမိုင်းပညာ ရှင်များက သုံးသပ်ကြသည်။
၂၀၁၂ခုနှစ်၊ မေလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ အစီရင်ခံစာတွင် အာရှတိုက်၏ ရှေးခေတ် ဗိသုကာလက် ရာများ မှာ စီးပွားရေးလုပ်ငန်းများ ထွန်းကားလာခြင်း၊ လုံလောက်သော ပြုပြင် ထိန်းသိမ်းမှု မရှိခြင်း၊ ခိုးယူလုယက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် ခရီးသွားလုပ်ငန်း
များ ကျယ်ပြန့်လာခြင်း တို့ကြောင့် ပျက်စီးပျောက်ကွယ်မည့်ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် နေရာ၁၀ခုတွင် ထိုင်းနိုင်ငံမှ အယုဒ္ဓယ၊ အာဖဂန်နစ္စတန်နိုင်ငံမှ ဗုဒ္ဓသာသနိက အဆောက်အအုံ တခု၊ တရုတ်နိုင်ငံမှ ရှေးဟောင်းမြို့တော်တခုနှင့် အတူ မြန်မာနိုင်ငံမှ ရှေးဟောင်းမြို့တော် မြောက်ဦးကိုလည်း ဖော်ပြထားသည်။
မြောက်ဦးမြို့တွင် နေထိုင်ပြီး မြောက်ဦးပြတို
က်မှူးအဖြစ် ဆောင်ရွက်ခဲ့သူ ရှေးဟောင်း သုတေသန ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဟောင်း (ငြိမ်း) ဦးကျော်ထွန်းအောင်က မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ဇုံထိန်းသိမ်းမှုသည် ယခင်နှစ်ကထက် ပိုမိုဆိုးလာပြီး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို
ဖြတ်ကာ ရထားလမ်း၊ ကားလမ်း ဖောက်လုပ်မှုများ၊ ဟိုတယ်နှင့် အခြားအဆောက်အဦးများ နေရာယူ မှုတို့သည် ယဉ်ကျေးမှု အမွေအနှစ်ကို ပျက်စီးစေသည်ဟု ဆိုသည်။
၎င်းက “ နန်းတော်ရာကုန်းမှာ မြေတူးတဲ့လုပ်ငန်းလို မိမိတို့ဌာနနဲ့ မဆိုင်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်တာတွေ ရှိနေတယ်။ အထူးသဖြင့် မြောက်ဦး ရှေးဟောင်း သုတေသန ဦးစီးဌာနအနေ
နဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေနဲ့ အညီကိုင်တွယ် ထိန်းသိမ်းမှုပိုင်းမှာ အားနည်းနေတာ တွေ့ရတယ်”ဟု ဆိုသည်။
အာရှတိုက် တခုလုံး၏
ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမှု အညံ့ဖျင်းဆုံး ၁၀နေရာ စာရင်းတွင် ပါဝင်လာ ရခြင်းမှာ မြောက်ဦးယဉ်ကျေးမှု
အမွေအနှစ် ဒေသတွင် ရှေးဟောင်းဘုရား စေတီပုထိုးများ ပြုပြင်ရာတွင်
ရှေးဟောင်း သုတေသန နည်းစနစ်နှင့်အညီ မဟုတ်ဘဲ ပြုပြင်မွမ်းမံခြင်း၊ သက်ဆိုင်ရာက ကားဂိတ်များ အား နန်းတော်အထဲမှာ နေရာချထားခြင်း စသည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ အတားအဆီး အတိုင်းအဆမရှိ ပျက်စီးချင်တိုင်း ပျက်စီးနေသည့် အခြေအနေ များကြောင့်Global HeritageFund က စိုးရိမ်ဘွယ်ရာစာရင်းထဲမှာ ထည့်သွင်း ထားခြင်းဖြစ်သည်ဟုရခိုင်သမိုင်းပညာရှင်တို့က ဆိုသည်။
အဆိုပါ စာရင်းမှ ပယ်ဖျက်နိုင်ရန်အတွက် မြောက်ဦးမြို့နယ်နှင့် ကျောက်တော် မြို့နယ်များသို့သွားရောက်ကာ နေရာငါးခု၌ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဟောင်းသုတေသနဌာနမှ စားသောက်ဆိုင် လုပ်ဆောင်ခွင့်သာ ပေးထားသည်ကို ယဉ်ကျေးမှုဇုံအတွင်း ၀င်ရောက်ကာ ဟိုတယ်ဆောက်လုပ်သဖြင့် ဌာနမှ တရားစွဲဆိုခဲ့သည်ဟု ဦးကျော်ထွန်းအောင် က ပြောပြခဲ့သည်။
နိုင်ငံတကာ သမိုင်းပညာရှင်များက ရခိုင်သမိုင်းကို ဓည၀တီခေတ် (ဘီစီ ၃၃၂၅-အေဒီ ၃၂၇) ၊ဝေသာလီ ခေတ်( အေဒီ ၃၂၇-အေဒီ၈၁၈)၊ လေးမြို့ခေတ် (အေဒီ ၈၁၈-အေဒီ ၁၄၃၀) မြောက်ဦးခေတ် (အေဒီ၁၄၃၀-အေဒီ၁၇၈၄) ဟူ၍ ခေတ် လေးခေတ် သတ်မှတ်ထားခဲ့ပြီး မြောက်ဦးမြို့မှာ ရခိုင်တို့၏ နောက်ဆုံး နန်းမြို့တော် ဖြစ်သည်။
မြောက်ဦးခေတ်သည်ခေတ်အဆက်ဆက်မှ ရခိုင်ယဉ်ကျေးမှု အနုပညာ ဗသုကာ လက်ရာများပေါင်းဆုံခဲ့ သဖြင့် ရခိုင်သမိုင်းတွင် အရေးပါကြောင်း ဦးကျော်ထွန်းအောင်က ရှင်းပြခဲ့သည်။
ထို့ကြောင့် ယူနက်စကို အသိအမှတ်ပြု ယဉ်ကျေးမှု အမွေအနှစ်
နယ်မြေဖြစ်လာရေး တန်းစီဇယားတွင် တတိယနေရာ ရရှိထားသည်ဟု သိရသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဦးကျော်ထွန်းအောင်က “အစိုးရက ဗိဿနိုး၊ဟန်လင်းနဲ့ပုဂံကိုတင်ပြတယ်။ ဒါပေမယ့် World Heritage ကပုဂံကို လုံးဝ
လက်မခံခဲ့ဘူး။ ဘာလို့လဲဆိုတော့ ပုဂံမှာ အဆောက်အဦး အသစ်တွေ၊ ဟိုတယ်တွေဟာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို လွှမ်းမိုးပြီး၊ ရှေးဟောင်း ယဉ်ကျေးမှု နဂို ပင်မ စရိုက်လက္ခဏာတွေ အားလုံး ပျက်စီးသွားလို့ပါပဲ။ ဒါကြောင့် ဗိဿနိုးနဲ့ ဟန်လင်းကို သက်တမ်းအရ တန်းစီဇယားထိပ်မှာ ထားပြီးတော့ မြောက်ဦးကိုတတိယနေရာမှာ ထားလိုက်တယ် ” ဟုထောက်ပြခဲ့သည်။
“မြောက်ဦးဟာရခိုင်လူမျိုးရပ်တည်ရှင်သန်မှုရဲ့အမှတ်သင်္ကေတဖြစ်တယ်။ ရခိုင်တို့ရဲ့အသည်းနှလုံး ဆိုရင်လည်း မမှားဘူးပေါ့။ ဒါတွေကိုအဓိက တာဝန်ယူထားရတဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနက သူတို့နဲ့မဆိုင်သလို လုပ်နေတာ တွေ့ရတော့ အကြီးအကျယ်စိတ်ပျက်မိတယ်” ဟုမြောက်ဦးဒေသခံ စာရေးဆရာ နောင်
အေး က မှတ်ချက်ပြုသည်။
မြောက်ဦးမြို့မှာ ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၅ နှစ် တည်တံ့ခဲ့ပြီး၊ ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက်စိုးစံခဲ့သည့် ရခိုင်သမိုင်းဆိုင်ရာယဉ်ကျေးမူအမွေအနှစ်
များ အထူး ပေါကြွယ်ဝသော
ရှေးဟောင်း မြို့တော် တခု ဖြစ်သည်။
From : Mizzima
ဂူဂယ်မှာ ဥုံဖွလုပ်နိုင်ပြီ
ဂူဂယ်မြန်မာ အင်တာနက်စာမျက်နှာ www.google.com.mm မှာ မြန်မာလို ဖော်ပြချက်၊ မြန်မာစာသုံးပြီး ရှာဖွေမှုများကို ပြုလုပ်နိုင်အောင် ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ဂူဂယ်မြန်မာ ၀ပ်ဆိုဒ်ကို Google ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံကို လာရောက်မလည်ပတ်မှီ တရက်အလို မတ်လ(၂၁) ရက်နေ့က စတင်ကာ မြန်မာဒိုမိန်းနဲ့
www.google.com.mm ကို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့တုန်းက အင်္ဂလိပ်ဘာသာနဲ့သာ ဖော်ပြထားပေမယ့် ဒီနေ့မှာ မြန်မာဘာသာ ၀န်ဆောင်မှုကိုပါ ထည့်သွင်းပြောင်းလိုက်တာ တွေ့ရပါတယ်။
ဂူဂယ်မြန်မာဝပ်ဆိုဒ်ရဲ့ မြန်မာဘာသာကို အသုံးပြုနိုင်ဖို့အတွက် Myanmar 3 Font လိုအပ်ပြီး ဖောင့်မရှိသူများအနေနဲ့ google search box ထဲမှာ ကီးဘုတ်ပုံစံနဲ့ input tool ကိုအသုံးပြုလို့ရပါတယ်။
Google ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံကို မတ်လ(၂၂)ရက်နေ့မှာ လာရောက်ခဲ့စဉ်တုန်းက နိုင်ငံတွင်းမှာ အင်တာနက် ထိန်းချုပ်မှုကို ပိုမိုဖွင့်ပေးဖို့ လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့သလို သူ့ခရီးစဉ်နောက်ပိုင်းမှာ ဂူဂယ်ရဲ့ ၀န်ဆောင်မှု Google Play Store ကိုလည်း မြန်မာနိုင်ငံကနေ တရားဝင် အသုံးပြုလာနိုင်ခဲ့ပါတယ်။
DVB
ဂျာမနီက မြေအောက် ရထား ဂိတ်ပေါက်
ဂျာမနီနိုင်ငံ၊ Frankfurt မြို့ မှာ ရှိတဲ့ မြေအောက်ရထား ဂိတ်ပေါက် တစ်ခု ဖြစ်ပါတယ်။Bockenheimer Warte ကိုသွားမယ့် မြေအောက်ရထားဘူတာရုံသို့ သွားရာ လမ်း ဖြစ်ပြီး ရထားတစ်စီးမြေအောက်ထိုးစိုက
ထားပါတယ်။ ၁၉၈၁ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန် တည်ဆောက်တုန်းက သိပ် မထူးခြားပေ မယ့် ၂၀၀၁ ခုနှစ်
ရောက်မျာ သေချာ ပြန်လည် ပြုပြင် မှုကြောင့် တကယ့် ရထား တစ်စီး ထိုးစိုက်နေတဲ့ ပုံစံကို ရရှိခဲ့ပါတယ်။
ယင်း ရထားဘူတာဂိတ်ပေါက်ကို ကမ္ဘာ့အထူးခြားဆုံး ဘူတာ ဂိတ်ပေါက် (World’s Coolest Subway Entrance) အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ။်
Ref: techblog
Saturday, 30 March 2013
အနမ်းနဲ့ ကျမ်းမာရေး
သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။
တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ် ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ” လို့ ဖော်ပြ ထားပါတယ်။
နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။
၂။ နမ်းနေတဲ့ အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။
၃။ နောက်တစ်ခု ကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများ နမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့ သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ
ကုထုံး တစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး ဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် တွေက နာမည် ပေးထား ပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ အခါ ပေါ်ပေါက် လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက် အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။
၇။ နောက်ဆုံး တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ ၀ီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျား။
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language

@
@