Welcome to Manaung island
♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "
အိုဘားမား မြန်မာခရီးစဉ် ပြည်သူများကို မိန်းခွန်းပြော
အမေရိကန်သမ္မာတ မြန်မာခရီးစဉ်သည် ၊မြန်မာပြည် ဒီမိုကရေစီ လမ်းစဉ်အတွက် အခွင့်အလမ်းများ ပိုအားကောင်းလာ
ကျွန်မလေး ပြည်သူ့ကို ချစ်ပါတယ်လို့ပြောသွားတဲ့ ဒေါ်စု
နိုင်ငံရေးကို လိမ်ညှာ လှည့်ဖြား၍ မလုပ်ပါဟု ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ရုပ်ရှင်သရုပ်ဆောင်နေတိုး မာန်အောင်ပြည်သူများ လှိုက်လှဲစွာကြိုဆို
ယခုအချိန်တွင် top one အဆင့်တွင် ရပ်တည်နေသော ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုး
မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရ
မာန်အောင်တောင်သူလယ်သမားများ အစိုးရ အဖွဲကို ဆပ်ကြေးများ ပေးဆောင်နေရ
စစ်တပ်အမိန့်ထုတ်ပြန် တအိမ်လျှင် ကျပ် ၁၅၀၀၀ ကောက်ခံ မပေးဆောင်လျှင် စစ်တတ်က အရေးယူဆောင်ရွက်မည်ဟု ညှင်းဆဲ ရိုက်နက် ချိန်းခြောက်မှုခံနေရ
Tuesday, 1 January 2013
မြောက်ဦးမြို့တွင် ရှေးဟောင်းဌာပနာ ဘုရားအဆူ ၈၀ တူးဖော်တွေ့ရှိ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေ
းမှုနယ်မြေရှိ အရှေ့ မြတန်ဆောင်းဘုရားမှာ ဌာနပနာဆင်းတုတော် အဆူ ၈၀ ကို တူးဖော်တွေ့ရှိတယ်လို့ ပြည်ထောင်စုအစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အရှေ့မြတန်ဆောင်း အရန်စေတီနဲ့ ငွေထီးဆောင်းစေတီတို့ကို အလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့ ထိန်းသိမ်းပြုပြင်ဖို့ ပေါင်းမြက်တွေရှင်းလင်းပြီး ပြိုကျနေတဲ့ အုတ်တွေကို ဖယ်ရှားပြီး အောက်ခြေပတ်လည် သဲခဲတူးဖော်မှုလုပ်ငန်း လုပ်ဆောင်နေစဉ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က အရှေ့မြတန်ဆောင်း အရန်စေတီ အနောက်ဘက်အောက်ခြေက အမြင့် ၁ လက်မစီရှိတဲ့ မြောက်ဦးခေတ် ဌာပနာဘုရား အဆူ ၈၀ ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်၊
ဌာပနာဘုရားတွေဟာ ခဲနဲ့ သွန်းလုပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီဌာနပနာဘုရားတွေကို မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်မှာ ခေတ္တသိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
အရှေ့မြတန်ဆောင်းအရန်စေတီဟာ မြောက်ဦးနန်းတော်ကုန်းရဲ့ မြောက်ဘက် မိုင်ဝက်အကွာမှာ တည်ရှိပြီး အေဒီ ၁၄၃၀ ခုနှစ်မှာ ရခိုင်ဘုရင် မင်းစောမွန်က တည်ထားကိုးကွယ်ခဲ့ပြီး မြောက်ဦးမြို့တည် ဘုရားများအနက် တဆူအပါအ၀င်ဖြစ်ပါတယ်။
ိdvb သတင်း
နန်းခင်ဇေယျာနဲ့ မင်းကိုနိုင်
နန်းခင်ဇေယျာ နဲ့ မင်းကိုနိုင်ကို ဒီကနေ့ ဇန်န၀ါရီလ ၁ ရက်နေ့မှာ ကျရောက်တဲ့ နာရေး ကူညီမှု အသင်း ( ရန်ကုန်) ရဲ ၁၂ နှစ်ပြည် အခမ်းအနားမှာ တွေ့ရတဲ့ မြင်ကွင်းပါ။ ဓာတ်ပုံ- အံ့ဘွယ်ကျော်- ၈၈ မျိုးဆက် သူတို့ ၂ ဦးလုံးကို မြန်မာနိုင်ငံသားတွေ ချစ်ခင်လေးစားကြသူတွေဖြစ်ကြ သလို သူ့တို့ မျက်နှာပေါ်က အပြုံးရိပ်တွေကတဆင့် သူတို့ရဲ့ စိတ်ကို ပရိတ်သတ်တွေအနေနဲ့ ထင်ဟပ်မြင်နိုင်ပါတယ်။ နန်းခင်ဇေယျာဟာ အချိန်တိုအတွင်း အင်တာနက်သုံးစွဲသူ မြန်မာတွေမဲပေးမှုကနေတဆင့် ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miss 2012 ပြိုင်ပွဲမှာ ဆုတွေ ရခဲ့သူဖြစ်ပြီး အခုအခါမှာ ကျော်ငြာမင်းသမီးလည်း ဖြစ်လာသူ တိုးရစ် ဂိုဒ် တဦးလည်းဖြစ်ပါတယ်။ သူဟာ အခုအခါမှာ ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူတို့နဲ့ အတူ နာရေး ကူညီမှု အသင်း ( ရန်ကုန်) ရဲ့ နာရေး လုပ်ငန်းတွေမှာ ကူညီ လုပ်ဆောင်ပေးနေသူ လည်း ဖြစ်ပါ တယ်။
 Ref: http://blog.irrawaddy.org/
ဂျပန်တွင် မျောက်နှင့် ကြောင်တို့ကို ရထားဘူတာရုံ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ထား
တကယ် ခန့်အပ်ထားပါတယ်။ ကြောင် တစ်ကောင်နဲ့ မျောက်နှစ်ကောင်ဟာ ဂျပန်နိုင်ငံက ဘူတာရုံနှစ်ခုမှာ ဘူတာရုံအုပ်ကြီးများ ဖြစ်ပါတယ်။ Hyogo မြို့ ငယ်လေး အတွင်းက Hojomachi Station ဘူတာရုံမှာ အသက် ၇ နှစ်ကျော် ၈ နှစ်ဝန်းကျင် ရှိတဲ့ မျောက် နှစ်ကောင်ကို ဘူတာရုံ အုပ်ကြီး အဖြစ် ခန့်အပ်ထားပါတယ်။ 
Nehime and Rakan လို့ လူသိများပါတယ်။ Wakayama မြို့ ငယ်လေးက ဘူတာ Kishi မှာတော့ Tama အမည်ရ ကြောင်က ဘူတာရုံ အုပ်ကြီး ဖြစ် ပါတယ်။ ယင်း ဘူတာရုံအုပ် ကြောင်နဲ့ ၊ မျောက်များအတွက် ယူနီဖောင်းများ၊ ဦးထုပ်၊ ရာထူး တံဆိပ်များ သေချာလုပ်ပြီး တကယ့် စာရွက်စာတန်းများနဲ့ ခန့်အပ် ထားခြင်းဖြစ်ပါတယ်။ အမှန်တော့ ဒါဟာ စီးပွားရေး၊ နိုင်ငံရေး လှည့်ကွက် တစ်ခု ဖြစ်ပါတယ်။
ကြောင်ကို ဘူတာရုံအုပ်အဖြစ် ခန့်ထားတဲ့ Sishi ဘူတာရုံရဲ့  တစ်နှစ်တာ ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၀ သန်း မက ရှိပါတယ်။ ထိုနည်းတူစွာ မျောက်ဘူတာရုံမှာလည်း ဝင်ငွေ သန်းနဲ့ချီ ရှိပါတယ်။ ကမ္ဘာလှည့်ခရီးသည်များကို အဓိက စွဲဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်ပြီး နှစ် စဉ် လာရောက်လည်ပတ် ကြည့်ရှုသူများနဲ့ စည်ကားလျက် 
Source by :Ref:weirdasia ရိုးရာလေး သတင်း
မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာရင်း ထုတ်ပြန်
မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း များစာရင်း ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။
၎င်းကစားသမားများသည် ဇန်န၀ါရီလ ၂၃ ရက် ညနေ ၄ နာရီတွင် မြန်မာ့လက်ရွေးစင်ဟောင်းများနှင့် သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းကစားကြမည်ဖြစ်ကြောင်းသိရသည် ။
ခြေစမ်းပွဲမတိုင်မီ ဇန်န၀ါရီလ ၂၂ ရက်တွင် Football Clinic အစီအစဉ်ဖြင့် သုဝဏ္ဏကွင်း၌ မြန်မာ လူငယ် ကစားသမားများကို အခြေခံ ဘောလုံးပညာ သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်
မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း ဂန္တ၀င်ကစားသမားများမှာ ဘီဘက်တို၊ အဲလ်ဒဲယား၊ အက်ဒီဆင်၊ မာဇင်ဟို၊ ပေါ်လိုဆာဂျီယို၊ မာဆီယို ဆန်းတိုစ် ပါဝင်မည်ဖြစ်ပြီး နည်းပြအဖြစ် ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ အသင်း၏ ခေါင်းဆောင် ကားလိုစ်အဲလ်ဘာတို က တာဝန်ယူမည်ဖြစ်ကြောင်း ၊ အထူးဧည့်သည်အဖြစ် ဂျာမနီအသင်းခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် ကစားသမားစာရင်းအပြည့်အစုံမှာ ဂိုး- ဂီလ်မာ၊ ဇက်တီ။
နောက်တန်း- အဲလ်ဒဲယား၊ဂွန်ကဲလ်ဗက်စ်၊မာစီယိုဆန်းတိုစ်၊
ပီမန်တဲလ်၊ ရိုနယ်လ်ဒါအို။
အလယ်တန်း- ဒွန်ဂါ၊မာဇင်ဟို၊ပက်ဒရင်ဟို၊
ရီကာဒို ရိုချာ၊
ဆာဗီအို၊ ဗဲလ်ဘာ၊ ၀ီလီယံ။ ရှေ့တန်း- ဘီဘတ်တို၊
ဒီဂျာမင်ဟာ၊ ဒိုနီဇက်တီ၊ အက်ဒီလ်ဆင်၊ ပေါ်လိုဆာဂျီယို၊ဗီအိုလာ
တို့ဖြစ်ကြောင်းသိရသည်။
myanmartharkaung
နိုင်ငံတော်သမ္မတဦးသိန်းစိန်ယနေ့ (၂၀၁၃ခုနှစ်၊ဇန်န၀ါရီလ ၁ရက်နေ့) နှစ်သစ်ကူးမိန့်ခွန်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့(၂၀၁၃ခုနှစ်၊ဇန်န၀ါရီလ ၁ရက်နေ့)နံနက် ၇နာရီအချိန်တွင် မြန်မာပြည်သူများသို့ မြန်မာ့အသံ ရေဒီယိုအစီအစဉ်နှင့်
အက်ဖ်အမ်ရေဒီယို အစီအစဉ်များမှ တစ်ဆင့်နှစ်သစ်ကူးမိန့်ခွန်းအား ငါးမိနစ်ကြာ ပြောကြားခဲ့ပါသည်။
အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မိဘပြည်သူများ ခင်ဗျား
ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်း များနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေတစ်ဆင့် တိုက်ရိုက် စကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။
 ဒီလို ရေဒီယိုကနေ တစ်ဆင့် ပြည်သူလူထုကြီးကို တိုက်ရိုက် ဆက်သွယ် ပြောကြားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား တိုက်ရိုက် ဆက်ဆံရေးလမ်းကြောင်းသစ် တစ်ခုကို အစပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။
 ဒါဟာ ဘာကြောင့်လဲဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား အပြန်အလှန် ယုံကြည်မှုကို ကျွန်တော်တို့ ပြန်လည် တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရသစ် တက်ရောက်လာတဲ့ အချိန်ကစတင်ပြီး ပြည်သူလူထုနဲ့ အစိုးရအကြား အပြန်အလှန် ဆက်သွယ်မှုကို ပိုမိုကောင်းမွန်လာစေဖို့၊ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်ပေါက်လာစေဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အခါအခွင့်သင့်တိုင်း ကျွန်တော့အနေနဲ့ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို မီဒီယာများကနေတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
သတင်း အချက်အလက် ပွင့်လင်းမြင်သာမှု အတွက်လည်း ကျွန်တော်အပါအဝင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ကျင်းပပြီး ပြည်သူလူထုထံသို့ သတင်းအချက်အလက်များ စီးဆင်းစေခဲ့ပါတယ်။
 အခုလို မီဒီယာမျိုးစုံနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကာလမှာ ရေဒီယိုကို အသုံးပြုတဲ့ ဆက်သွယ်ရေး နည်းလမ်းဟာ ထိရောက်မှု ရှိနေသေးတဲ့အပြင် လက်ရှိမိမိတို့ နိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီမှုရှိပြီး တစ်နိုင်ငံလုံးက ပြည်သူအများစု အားထားရတဲ့ သတင်း ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့အတွက် ရေဒီယိုမိန့်ခွန်းများစတင် ပြောကြားရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
ယခင်နှစ်အတွင်း ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များက ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု များကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်စ ပြုခဲ့ပါတယ်။
 ဒီလိုအခြေအနေမျိုးမှာ မိဘပြည်သူများနဲ့ ကျွန်တော်တို့အစိုးရ အထူး သတိပြုရမယ့် ကိစ္စရပ်ကတော့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ အစိုးရယန္တရားရဲ့ ဖြည့်ဆည်းနိုင်စွမ်း အကြားမှာရှိတဲ့ ကွာဟမှုပဲ ဖြစ်ပါတယ်။ ဒီကွာဟမှုကို နည်းနိုင်သမျှ နည်းအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးစားရမယ်ဆိုတာ ကျွန်တော့ အနေနဲ့ လေးလေးနက်နက် ယုံကြည်ထားပါတယ်။
ပွင့်လင်းလွတ်လပ်မှုများ မရှိခဲ့ဘဲ အထီးကျန်ဆန်ခဲ့ရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပြုပြင်စရာ၊ ပြောင်းလဲစရာတွေနဲ့ ပြည့်နက်နေတာကို ကျွန်တော်တို့အားလုံး သိရှိကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ယခုလို ပြုပြင် ပြောင်းလဲရေးကာလမှာ အကောင်းဆုံး အခြေအနေကို မျှော်လင့်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
 ပြည်သူတွေ အနေနဲ့ အကောင်းဆုံးမျှော်လင့်တာ သဘာဝကျတဲ့ကိစ္စ ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုပိုင်ခွင့်လည်း ရှိကြပါတယ်။
 ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အရေးကြီးဆုံးကတော့ အခုလက်ရှိ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုများက တစ်ဆင့် သေချာရေရာတဲ့ အနာဂတ်ဖြစ်အောင် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။
လွတ်လပ် ပွင့်လင်းမှု ရှိလာတဲ့ အခြေအနေကို ရင့်ကျက်မှု ရှိရှိနဲ့ တုံ့ပြန်နိုင်မှသာ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
 အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုး နှစ်ဦးနှစ်ဖက် ညှိနှိုင်း အဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး အစွန်းမရောက်တဲ့ အမြင်မျိုး ဖြစ်စေရန် ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ယခင် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာကပင် အံ့သြစရာကောင်းလောက်အောင် နိုင်ငံရေး ဖြစ်ထွန်းမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နေ့စဉ် လူမှုစီးပွားဘဝကို မြှင့်တင်နိုင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးစနစ် တစ်ခုကို ကျွန်တော်တို့အတူ အုတ်မြစ်ချနိုင်ခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။
 လာမယ့်နှစ်တွေမှာ အထွေထွေ ပြုပြင် ပြောင်းလဲမှုများရဲ့ အသီးအပွင့်တွေကို ပြည်သူတစ်ဦးချင်းစီ လက်တွေ့ ခံစားခွင့် ရစေဖို့၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။
 ရှေ့ဆက် ဆောင်ရွက်မယ့် ကိစ္စရပ်များနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုကြီးထံကို စဉ်ဆက်မပြတ် ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။
မကြာမီမှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး ကျွန်တော် တွေးမိတဲ့ အကြောင်းအရာတစ်ခုကို ပြည်သူလူထုကြီးကို မျှဝေလိုပါတယ်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်ရေးရယူစဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှု အင်အားအတိုင်း နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်းစီကလက်တွဲလုပ်ဆောင်နိုင်မယ် ဆိုပါလျှင် ယခု ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေကို မလွဲမသွေ ကျော်လွှားနိုင်မယ် ဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။
 ပြည်သူလူထု အများစု အနေနဲ့လည်း ကျွန်တော်နဲ့ တစ်သဘောတည်း ရှိနေမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
မိဘပြည်သူတစ်ရပ်လုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။
Eleven Media Group
အစ္စလာမ်ဘုရားကျောင်း မရှိတဲ့ ဥရောပမြို့
ဂရိနိုင်ငံရဲ့မြို့တော် အေသင်မြို့ ဟာ  ဥရောပမှာ တစ်ခုတည်းသော အစ္စလာမ်
ဘုရားရှိခိုးကျောင်း လုံးဝမရှိတဲ့မို့တော်ဖြစ်ပါတယ်။
၁၈၃၂ ခုနှစ်မှာ Ottoman အင်ပါယာလက်အောက်မှ လွတ်လပ်ရေးရခဲ့
တဲ့နောက် မည်သည့်ဂရိအစိုးရမှ အစ္စလာမ်ဘုရားကျောင်းကို
 အေသင်မြို့ထဲမှာ ဆောက်ခွင့်မပေးခဲ့ပါဘူး။
 ဒါပေမဲ့ ဂရိနိုင်ငံဟာ ဥရောပနိုင်ငံများဆီကို ပြောင်းရွေ့သူတွေရဲ့ ကြားနိုင်ငံတစ်ခု ဖြစ်နေတာကြောင့် အစ္စလာမ်လူမျိုး အရေအတွက်များလာပြီး လူဦးရေ ၅ သန်းရှိတဲ့ အေသင်မြို့ထဲမှာ မူဆလင်လူမျိုး ၃ သိန်းခန့် ရှိပါတယ်။ ယခုအချိန်မှာ အေသင်မှာ မူဆလင်ဘုရားကျောင်း တည်ဆောက်ခွင့် တောင်းဆိုသံတွေ တဖြည်းဖြည်း ကျယ်လောင်လာနေပါတယ်။
"ကျနော်တို့က လူ့အဖွဲ့အစည်းရဲ့ ပြင်ပရောက်နေသလို ခံစားမိပါတယ်။ ကျနော်တို့ရဲ့ ရိုးရာပွဲချိန်တွေမှာ သွားစရာစုရုံးရာနေရာ မရှိပါဘူး၊ ဒီက အသိုင်းအ၀ိုင်းတွေက ကျနော်တို့ကို လက်မခံသေးဘူး။" လို့ အာဆီဖားအာမက် က ပြောပါတယ်။
နိုင်ငံရဲ့ ၉၀ ရာနှုံးကျော်က Orthodox ခရစ်ယာန်ဘာသာဝင်များ ဖြစ်နေပြီး ခရစ်ယာန်ဂိုဏ်းချုပ် Seraphim ကတော့ "ဂရိဟာ တူရကီတွေ အုပ်စိုးခဲ့တဲ့ကာလမှာ နှစ်ပေါင်း ၅၀၀ ကျော် အစ္စလာမ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာ နေခဲ့ရပါတယ်။
အစ္စလာမ်ဘုရားကျောင်း တည်ဆောက်ခြင်းက ကျနော်တို့ကို လွတ်လပ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ သူရဲကောင်းတွေကို ဆန့်ကျင်ရာရောက်ပါမယ်။“ လို့ ပြောသွားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အေသင်မြို့မှာ အယူအဆတွေ အမျိုးမျိုးကွဲပြားနေပါတယ်။ ဂရိနိုင်ငံမှာ ဘာသာရေးနဲ့ အုပ်ချုပ်ရေး ဆက်စပ်နေပြီး အစ္စလာမ်ဘုရားကျောင်း ပြဿနာဟာ ဂရိ က ဘယ်လိုနိုင်ငံလမ်းကြောင်းမျိုး ဆက်လက်ချီတက်သွားမယ် ဆိုတာနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။
(Ref; BBC News,
မလေးရှားနိုင်ငံတွင် ရခိုင်အမျိုးသား(၄)ဦးအကြမ်းဖက်ခံရ
မလေးရှားနိုင်ငံ နွန်းမနီမြို့၌ ရာဘာခင်း
တွင် အလုပ်လုပ်ကိုင်နေသောရခိုင်
အမျိုးသား(၄)ဦးသည် ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ဒေသခံဘင်္ဂလီအုပ်စု
တစ်စု၏ အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။
အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရခိုင်အမျိုးသား (၃)ဦးသေဆုံးပြီး၊ တစ်ဦးမှာထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက်သတ်ဖြတ်ခြင်းကြောင့် သေဆုံးသူ ရခိုင်အမျိုးသား(၃)ဦးမှာ ကိုမောင်ခိုင်သောင်း (၃၈ နှစ်၊ ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင်ကျေးရွာ)၊ ကိုလှမောင်တင် (၂၁ နှစ်၊ မြောက်ဦးမြို့နယ်၊ စေတီတောင်ကျေးရွာ)နှင့် ကိုမောင်သန်းရွှေ (၁၆)နှစ်တို့ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာသူမှာ ဦးအထွီးချေ (၄၈ နှစ်၊ မြောက်ဦးမြို့နယ်၊ စေတီတောင်ကျေးရွာ)တို့ဖြစ်သည်။
" ကျနော်တို့ညဥ့် ၁၁ နာရီကျော်အချိန် ရာဘာခင်းထဲမှာ ရာဘာစေး ခံနေပါတယ်။ အဲဒီအချိန်မှာ ဘင်္ဂလီတစ်စုက ကျနော် တို့ဆီကိုလာတယ်၊ အုပ်စုနဲ့ဝိုင်းပြီးတော့ ကျနော်တို့ကိုဖမ်းတယ်၊ ကျနော်တို့ (၄)ယောက် တစ်ဦးချင်းစီရဲ့လက်ကို နောက်ပြန်ကြိုးချည်ပြီး တောင်ကုန်းပေါ်မှာထားပါတယ်။ တစ်ယောက်ချင်းခေါ်ပြီးတော့ ရိုက်တယ်၊ ရိုက်ပြီးတာနဲ့ လည်ကို ဓါးနဲ့လှီးတယ်။
 အဲဒီလို သတ်နေတဲ့အချိန်မှာ ကျနော်လည်း လွတ်ရာလွတ်ကြောင်းဆိုပြီးတော့ ကြိုးဖြေဖို့ ကြိုးစားပါတယ်။ ကံကောင်းချင်တော့ ကျနော့်ကိုချည်ထားတဲ့ကြိုးက ပြေသွားပါတယ်။ ကြိုးပြေသွားတယ်ဆိုတာနဲ့ ချက်ချင်းထွက်ပြေးလို့ လွတ်မြောက်လာခဲ့ တာပါ။ " ဟု ထွက်ပြေးလွတ်မြောက်လာသူ ဦးအထွီးချေက ယခုကဲ့သို့ အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
အဆိုပါ သေဆုံးသွားသည့်အလောင်းများကို မလေးရှားနိုင်ငံ အလိုစတားမြို့ရှိ ပြည့်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ခွဲစိတ်စမ်းသပ် နေကြောင်းနှင့် သေဆုံးသွားသူများ၏ အသုဘနှင့် လိုအပ်သောအကူအညီများကို မလေးရှားရောက် ရခိုင်လူမှုကယ်ဆယ် ရေးအဖွဲ့တစ်ဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
ယခုကဲ့သို့ ဘင်္ဂလီအုပ်စုတစ်ချို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း သေဆုံးသူ (၁၀)ကျော် ရှိပြီဖြစ်ကြောင်း မလေးအခြေစိုက် လူမှုရေးအဖွဲ့တစ်ခု၏ မှတ်တမ်းအရ သိရှိရသည်။
Arakan Times 
M-L 1
ဘင်္ဂလီများ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူ ကိုလှမောင်တင်(၂၁)နှစ်
M-L 3
ဘင်္ဂလီများ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူ ကိုမောင်ခိုင်သောင်း(၃၈)နှစ်
M-L 4
ဘင်္ဂလီများ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေးဆုံးသွားသူ ကိုမောင်သန်းရွှေ(၁၆)နှစ်
M-L
အကြမ်းဖက်ဘင်္ဂလီများ လက်ထဲမှ ထွက်ပြေးလွတ်မြောက်လာသူ ဦးအထွီးချေ(၄၈)နှစ်
ကလေးတွင် ဘင်္ဂါလီ ၆ ဦးဖမ်းမိ
အိန္ဒိယနယ်စပ်နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဒီဇင်ဘာလ
 ၃၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ခိုးဝင်လာသော ဘင်္ဂါလီ ခြောက်ဦးကို
ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရသည်။
ကလေးမြို့တောင်ပိုင်းရှိ ခုံတိုးမြို့သာနှင့် ကြန်သာ ကျေးရွာတို့တွင်
ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး မြောက်စည်းကျေးရွာ ရဲစခန်းတွင်စစ်ဆေးနေကြောင်း
“ရွာသားတွေက သတင်းပေးလို့ ဖမ်းမိတာပါ၊ ခုံတိုးမြို့သာမှာက (၄)ယောက်၊ ကြန်သာမှာက ( ၂)ယောက် မိပါတယ်” ဟု ကလေးမြို့ရှိ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော် ဦးပဏ္ဍဝံသက The Voice Weekly သို့ အတည်ပြု မိန့်ကြားသည်။
ကလေးမြို့နယ်အတွင်းသို့ ၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂါလီများ ခိုးဝင်လာမှုပိုမို များပြားခဲ့ပြီး
သက်ဆိုင်ရာ အာဏာပိုင်များမှလည်း သတိထား စောင့်ကြည့်နေရကြောင်း ဒေသခံများက တူညီစွာ ပြောကြားသည်။
The Voice Weekly
Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "
သတင်းအချက်အလက်များ ပေးပို့ 
အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...