Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

အိုဘားမား မြန်မာခရီးစဉ် ပြည်သူများကို မိန်းခွန်းပြော

အမေရိကန်သမ္မာတ မြန်မာခရီးစဉ်သည် ၊မြန်မာပြည် ဒီမိုကရေစီ လမ်းစဉ်အတွက် အခွင့်အလမ်းများ ပိုအားကောင်းလာ

ကျွန်မလေး ပြည်သူ့ကို ချစ်ပါတယ်လို့ပြောသွားတဲ့ ဒေါ်စု

နိုင်ငံရေးကို လိမ်ညှာ လှည့်ဖြား၍ မလုပ်ပါဟု ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရုပ်ရှင်သရုပ်ဆောင်နေတိုး မာန်အောင်ပြည်သူများ လှိုက်လှဲစွာကြိုဆို

ယခုအချိန်တွင် top one အဆင့်တွင် ရပ်တည်နေသော ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုး

မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရ

မာန်အောင်တောင်သူလယ်သမားများ အစိုးရ အဖွဲကို ဆပ်ကြေးများ ပေးဆောင်နေရ

စစ်တပ်အမိန့်ထုတ်ပြန် တအိမ်လျှင် ကျပ် ၁၅၀၀၀ ကောက်ခံ မပေးဆောင်လျှင် စစ်တတ်က အရေးယူဆောင်ရွက်မည်ဟု ညှင်းဆဲ ရိုက်နက် ချိန်းခြောက်မှုခံနေရ

Friday, 28 December 2012

မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်ဒဏ်ချမှတ်

ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံသားတွေ သေဆုံးခဲ့မှုနဲ့ ပတ်
သက်ပြီး ထိုင်းလူမျိုး ၄ ယောက်ကို သူတို့နိုင်ငံတရားရုံးဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

အဲဒီ လူမှောင်ခိုကုန်ကူးသူ ထိုင်းနိုင်ငံသား ၄ ဦး က   တရားမဝင် မြန်မာနိုင်ငံသား ၁၂၁ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း Phuket ဒေသကို   အလုံပိတ်ပစ္စည်းတင် ကွန်တိန်နာကားထဲမှာ အပြည့်အကြပ်တင်ပြီး သွားပို့ခဲ့တုန်းမှာ လေပေးစက်ပျက်ပြီး အဲဒီအထဲက လူတဝက်နီးပါးလောက် အသက်ရှု မွန်းကြပ်ပြီး သေဆုံးခဲ့ပါတယ်။

အဲဒီ ထိုင်းလူမျိုး ၄ ယောက်ကို  လူမှောင်ခိုကူးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု ၊ လူသေမှုတွေနဲ့ တရားရုံးတင်စစ်ဆေးပြီးနောက်  ကွန်တိန်နာကားပိုင်ရှင်ကို ထောင်ဒဏ်၁ဝ နှစ်၊ သူနဲ့ပူးတွဲကြံစည်သူကို ထောင်ဒဏ် ၉ နှစ်  နောက်ထပ်အကူအညီပေးသူတဦးကို ၆ နှစ် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

သူတို့ ၄ ဦးထဲမှာပါဝင်တဲ့ ထိုင်းအမျိုးသမီးကိုတော့ ဖြစ်စဉ်အားလုံး ဖြောင့်ချက်ပေးတဲ့အတွက် သက်ညှာတဲ့အနေနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

RFA (မြန်မာပိုင်း)

တပ်မတော်သားအချို့ ထိုးကြိတ်သဖြင့် ကလေး ၁ ဦး သေဆုံး

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်အတွင်းမှာ နယ်မြေခံ တပ်မတော်သား
တချို့ရဲ့ ဝိုင်းဝန်းထိုးကြိတ်တာခံရတဲ့ကလေး ၁ ဦးဟာ နှစ်ပတ်အကြာ
 ဆေးရုံမှာ ကွယ်လွန်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ညပိုင်းက နတ်မော်ရွာသား ၁၆ နှစ်အရွယ် ကေလးငယ်တဦးဟာ နယ်မြေခံ ခလရ (၁၈) က တပ်မေတ်ာသား ၁ ဦးကို ဆိုင်ကယ်ဝင်တိုက်မိပြီးနောက် ထူပေးစဉ်မှာ တပ်မတော်သားတွေက ဝိုင်းဝန်းထိုးကြိတ်ကြတာဖြစ်ပါတယ်။

ဒီဒဏ်ရာတွေကို မိဘေတွက ဟင်္သာတမြို့နဲ့ ရန်ကုန်မြို့က ဆေးရုံတွေထိ သွားရောက်ကုသပေမယ့်လည်း မသက်သာဘဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။မောင်သန်းထိုက်အောင်ရဲ့ အခင်းဖြစ်မှု အခြေအနေကို မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်ခင်က “၁၄ ရက်နေ့ည တပ်ကွေ့နားလေးမှာ၊ ၈ နာရီခွဲလောက်ရှိမယ်ထင်တယ်။

 ဆိုင်ကယ်က ရဲဘော် ၁ ယောက်ကို ဝင်တိုက်မိတယ်တဲ့။ နောက် လဲသွားတဲ့သူကို ဆင်းထူတော့ ကလေးကို ဝိုင်းဆွဲပြီး ကိုင်ပေးတဲ့သူက ကိုင်ပေး ထိုးတဲ့သူက ထိုးတယ်လို့ မြင်သူတွေက ပြောပြတယ်။ အခင်းဖြစ်ပြီး ကျမတို့ရောက်တော့ ကလေးအနား ကပ်ခွင့်၊ ကိုင်ခွင့်၊ ကြည့်ခွင့်မရပါဘူး”
 လို့ ပြောပါတယ်။

ဒီထိုးကြိတ်မှုဖြစ်စဉ်ကို မျက်မြင်မြင်တွေ့တဲ့ သက်သေ အမြောက်အမြားရှိပြီး လိုက်လံကူညီနေကြတယ်လို့ ဆိုပါတယ်။

သားဖြစ်သူ မော်သန်းထိုက်အောင်ဟာ ထိုးကြိတ်ခံရြပီး ၃ ရက်လောက်ကစလို့ အိမ်မှာ ခေါင်းမူးခေါင်းကိုက် စတင်ဖြစ်လာပြီး ဟင်္သာတမြို့က ဆေးခန်း၊ ဆေးရုံတွေမှာကုသခဲ့ပါတယ်။

ဒါပေမယ့် မသက်သာတာကြောင့် ရန်ကုန်မြို့က ဦးနှောက်နဲ့အာရုံကြောဆေးရုံကို တင်ပို့ကုသေပမယ့် ၂၇ ရက်နေ့ နေ့ခင်း ၃ နာရီမှာ ကွယ်လွန်ခဲ့တယ်လို့ ဒေါ်ကြည်ကြည်ခင်က ပြောပါတယ်။

သားငယ်ရဲ့ ဒဏ်ရာရရှိမှု အခြေအနေနဲ့ ပတ်သက်လို့ ဒေါ်ကြည်ကြည်ခင်က “၁၄ ရက်နေ့က ထိုးခံရပြီးတော့ ၁၉ ရက်နေ့လောက်မှာ ကလေးက ထိုင်ရင် တည့်တည့်မတ်မတ်ထိုင်ချင်ရင် နောက်ကမှီထားမှ ထိုင်လို့ရတဲ့အေနအထား။

 ဆေးရုံမှာ ဒီအမေနဲ့ ဒီသား ကုသမှုစခံယူကတည်းက သေပြီး အခု ပြန်လာတဲ့အထိကို သူနဲ့ကျမ မိနစ်လောက်ပဲ ခွာနေခွင့်ရှိတဲ့အတွက် ကျမအားလုံးကို ခံစားမိတယ်၊ သိလည်းသိတယ်။ ကလေးက ဝမ်းထဲကရှိတဲ့၊ အသက်အန္တရာယ်ကို အနီးစပ်ဆုံး ထိခိုက်နိုင်တဲ့ ကလီစာတခု ပျက်ယွင်းပြီးမှ ဒီအခြေအနေ ဆိုက်ရောက်လာတယ်လို့ ဆရာမနဲ့ ဒေါက်တာတယောက် ပြောတာကို ရိပ်မိတယ်၊

 သိလည်း သိတယ်။”ဒီထိုးကြိတ်မှုအတွက် ဟင်္သာတရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။ ခလရ ၁၈ တပ်ကတော့မောင်သန်းထိုက်အောင်အတွက် သတင်းမေးတာရှိပေမယ့် ဆေးဖိုးဝါးခတော့ မပေးဘူးလို့ ဆိုပါတယ်။မောင်သန်းထိုက်အောင်ရဲ့ အလောင်းကို ရန်ကုန်ဆေးရုံကေန  အိမ်ပြန်သယ်ရောက်ရှိနေပြီး မနက်ဖြန် ရွာကသုသာန်မှာ သင်္ဂဂြိုဟ်မှာ ဖြစ်ပါတယ်။

DVB (မြန်မာပိုင်း)

အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်မှု မမှန်ကန်သဖြင့် ရခိုင်ပြည်နယ် အနှံ့ ပြဿနာများ ပေါ်ပေါက်

rakhine-state
ရခိုင်ပြည်နယ် ကျေးရွာ အနှံ့အပြားတွင်  ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်
များကို ရွေးချယ် တင်မြှောက်ရာတွင် မှန်ကန်မူ မရှိဘဲ ဥပဒေ ချိုးဖေါက်မှု၊
လာဘ်ပေး လာဘ်ယူ ပြုလုပ်မူများ
ရှိခဲ့သဖြင့် ကျေးရွာ အများအပြားတွင် ပြဿနာများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ် တင်မြှောက်ရန် ၁၀ အိမ်မှူးကို ရွေးချယ်ရာတွင် ကျေးရွာသားများ သဘောဆန္ဒအရ ရွေးချယ်ခြင်း မရှိခဲ့ဟု  စစ်ကဲ ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ အိမ်ခြေ ၁၀၀ ရှိတဲ့ ရွာမှာ  ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ်ဖို ဆယ်အိမ်မှူး ၁၀ ယောက်ခန့်ထားတယ်။ ကျွန်တော်တို့ ဖြစ်ချင်တာက ဆယ်အိမ်မှူးကို ရွှေးချယ်တင်မြှောက်တဲ့ အခါ  အိမ် (၁၀) အိမ်က  သဘောဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ဖို့ အလိုရှိကြတယ်။

ဒါပေမယ့် အဲသလို ရွှေးချယ်ခွင့်မရဘဲ အထက်က လူတွေ စိတ်ကြိုက် ရွေးချယ် လိုက်တဲ့အတွက် ရွာသားတွေ အကြားမှာ မကျေနပ်မှုတွေ ဖြစ်နေကြပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ် ၄ မိုင်ကျေးရွာအုပ်စုတွင် ပါဝင်သော ကျေးရွာ ၁၁ ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီဇင်္ဘာလ ၂၃ ရက် နေ့က ရွေးချယ်ရာတွင် ၁၀ အိမ်မှူးများကို လဘ်ငွေပေးပြီး မဲရယူခဲ့သည်ဟု လေးမိုင်ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“  မဲအများဆုံးရသွားတဲ့ ဦးလှမိုးဆိုသူက မဲမရွေးချယ်ခင် ၄-၅ ရက်အလိုက သူ့ကို မဲထည့်ပေးဖို့အတွက် ကျေးရွာတိုင်းကို သွားပြီးတော့ ၁၀ အိမ်မှူး၊ ရာအိမ်မှူး တယောက်စီကို ကျပ်ငွေ နှစ်သောင်းကျပ်စီပေးခဲ့ပါတယ်။

 အဲဒီလို ဆယ်အိမ်မှူးတွေ ကို နှစ်သောင်းကျပ်စီပေးပြီး လာဘ်ပေး လာဘ်ယူ လုပ်သွားတယ်။ အခု ရွှေးချယ်ပွဲတွေက  သမာသမတ် မကျတဲ့အတွက် ကျွန်တော်တို့ ၄ မိုင် ရပ်ကွက်သူရပ်ကွက်သားတွေက မကျေမနပ် ဖြစ်နေကြပါတယ်။”

တောင်ကုတ်မြို့နယ်အတွင် ဆယ်အိမ်မှူးရွေးချယ်ရာတွင်လည်း လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက သူတို့ သဘောကျ ရွေးချယ်ခဲ့သည်ဟု တောင်ကုတ်မြို့နယ် NLD ပါတီ ဗဟိုစီးအဖွဲ့ဝင် ဦးခင်လှက နိရဉ္စရာသို့ ပြောသည်။

“ ဘယ်လိုမြင်လဲဆိုတော့ ဆယ်အိမ်မှူး ရွေးတဲ့ အခါမှာ သူတို့ သဘောမကျတဲ့ လူဆိုရင်၊ သူတို့ကို မဲပေးမည့်သူ မဟုတ်ဘူး ဆိုရင် ဖယ်ထားခဲ့တယ်။

သူတို့ကို ထောက်ခံမည့်သူတွေကို ကျော်ပြီးတော့ ရွေးချယ်သွားတယ်။ အဲဒါမျိုးတွေ တွေ့ရပါ တယ်။ သူတို့လိုတဲ့သူတွေကို ရွေးယူသွားတဲ့ သဘောဖြစ်တယ်။”

ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကျေးရွာသားများ မကျေနပ်မှုကြောင့် တိုင်ကြားသည့်စာများ ရောက်ရှိနေသည်ဟု လည်း ဦးခင်လှက ပြောသည်။

“ အုပ်ချုပ်ရေးမှူးတွေ ရွေးတာကို မကျေနပ်လို့ တိုင်တန်းထားတာတွေရှိပါတယ်။ သူတို့တိုင်ထားတဲ့ စာတွေထဲမှာတော့ ဘယ်လို ဖြစ်နေတယ်ဆိုတာကို ကျွန်တော့အနေနဲ့တော့ အထူးမပြောလိုပါ။

ကျွန်တော်တို့ NLD ရုံးကို ကျေးရွာ ရပ်ကွက် တွေမှာ တရားမျှတမှုမရှိတာတွေ၊ ကြီးကြပ်ရေးတွေက ကိုယ့်လူကိုဦးစားပေးပြီး မမှန်မကန် လုပ်တာတွေ ရှိတယ်လို့ တိုင်ထားတဲ့ အပေါ်မှာ ပြောတာပါ။”

ကျောက်တော်မြို့နယ်တွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အခင်းဖြစ်ပွားမှုများ ရှိနေသည်ဟု ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ ကျောက်တော်မြို့နယ် ဥက္ကဌ ဦးစောမောင်က နိရဉ္စရာသို့ ပြောသည်။

“ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်နေတဲ့အခြေအနေကတော့ခါ တိုင်တန်းလို့ အခင်းဖြစ်တာတွေရှိတယ်။ အဲဒါတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို တင်ပြနေကြပါတယ်။

အဲဒီပြဿနာက ပြိန်းဆိပ်ရွာနဲ့ ဂုတ်ပီထောင့်ရွာတွေ မှာလည်း ဖြစ်ပါတယ်။ အရှုပ်အထွေးတွေကတော့ ရှိပါတယ်။ အဲဒီလောက်တော့ မများပါဘူး။”

ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ရပ်သူရွာသားများ တင်မြှောက်ထားသော ငါးဦး ကော်မီတီအနေဖြင့် မှန်ကန်တိ ကျရန် လိုအပ်သည်ဟု ဦးစောမောင်က ပြောသည်။

“ ကျွန်တော်ကတော့ လုပ်ထုံးလုပ်နည်း ဥပဒေကို အမှန်အကန်ဖြစ်စေချင်ပါတယ်။ ကျေးရွာမှာ ရပ်သူရွာသားတွေက အတည်ပြုပေးဖို့အတွက် ကော်မီတီ ငါးဦး တင်ထားပါတယ်။

သူတို့ဆန္ဒ သဘောထား အားလုံး မဟုတ်ဘဲနဲ့ ရပ်သူရွာသား လုပ်ထုံးလုပ်နည်း ဥပေဒေအတိုင်း ရွေးချယ်ခံရတဲ့ အပေါ်မှာ အတည်ပြုနိုင်ဖို့၊ စေတနာကောင်းနဲ့ လုပ်ပေးစေချင် ပါတယ်။”
 
ရခိုင်ပြည်အနှံ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုနှင့် ပတ်သက်ပြီး RNDP ပါတီအနေဖြင့် သက်ဆိုင်ရာကို တင်ပြတောင်း ဆိုသွားမည်ဟု ဦးစောမောင်က ပြောသည်။

“ ကျွန်တော်တို့ ပါတီအနေနဲ့ လုပ်ဆောင်နိုင်တဲ့ ဟာတွေကို အပြည့်အ၀ လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။ မတော် မတရား လုပ်ရပ်တွေကိုလည်း အမှန်တကယ် ဟုတ်မဟုတ် စီစစ်နေပါတယ်။

သက်ဆိုင်ရာတွေကို ကျွန်တော်တို့ ပါတီ အနေနဲ့သော်၎င်း၊ လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့သော်၎င်း တင်ပြတောင်းဆိုသွားဖို့ အပြည့်အ၀ စီစဉ်ထား ပါတယ်။”

ရသေ့တောင်မြို့နယ်တွင် စာရေးနှင့် ငါးဦးကော်မီတီပေါင်းပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ရွေးချယ်သည်ဟု ရသေ့တောင် မြို့ခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ ဆယ်အိမ်ခေါင်း ရွေးချယ်ကတည်းက ဒီမိုကရေစီမကျဘူး။ စာရေးတို့ နာယကတို့ က ကိုယ်လိုချင်တဲ့ သူတွေကို ပုံဝင် အောင် သွပ်သွင်း လုပ်လိုက်ကြတယ်။

ရပ်သူတွေ ဖြစ်ချင်တဲ့ ဆယ်အိမ်မှူးတွေ မပါဝင်ဘူး။ ရိုးသားတဲ့ ရွာသားတွေ၊ တ ကယ် ဖြစ်သင့်တဲ့ ဆယ်အိမ်မှူးတွေ ဖြစ်မလာဘဲ သူတို့ စီစဉ်တဲ့ ဆယ်အိမ်မှူးတွေသာ ဖြစ်လာတယ်။ ဒါကို မကျေနပ်ပေ မယ့် တိုင်ကြားဖို့ နည်းလမ်းတွေ မသိတော့ သူတို့လုပ်သလိုသာ ကြည့်နေကြရတယ်။”

ရသေ့တောင်မြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပြီးမှ “ဘယ်သူ့ကို ရွေးချယ်ထားသည်။ ကန့်ကွက်သူရှိလျှင် မည်သူ မဆို လာရောက် ကန့်ကွက်နိုင်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် စာကတ်ထားသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာအုပ်စု (၉၆)အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် လူထုသဘောဖြင့် မဲစနစ်  ဖြင့် ဒီဇင်္ဘာလ နောက်ဆုံးထားပြီး ရွေးချယ်တင်မြှောက်ပေးရန် ပြည်နယ်အစိုးရကို အကြောင်းကြား ထားသော်လည်း ပုဏ္ဏားကျွန်းမြို့နယ် သူပုန်ကျေးရွာအုပ်စုတွင် ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးစီဌာနမှ လာရောက်ပြီး ရွေးကောက်ပွဲ ဦးစီးကော်မီတီ (၄)ယောက်ကို ရွေးချယ် ပေးခဲ့ပါသည်ဟု သိရသည်။

“ အခု ဖွဲ့စည်းပေးခဲ့တဲ့ ဦးစီးကော်မီတီက လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဥက္ကဌကို လူထုနှင့် အတူ မကြိုက်မနှစ်သက် ရှိတဲ့ အတွက် အဲဒီကိစ္စကို ဆောင်ရွက်ပေးဖို့  မြို့နယ်ကို အကြောင်းကြားထားပါတယ်။

ဒါပေမယ့် ဒီနေ့ထိ  ဆောင်ရွက် ပေးတာ မရှိပါဘူး။”ဟု သူပုန်ကျေးရွားသားတဦးက နိရဉ္စရာသို့ ပြောသည်။
စစ်တွေမြို့ပေါ်ရပ်ကွက်တချို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုအခြေအနေနှင့် ပတ်သက်ပြီး စစ်တွေမြို့ ခံတဦးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ရပ်ကွက်မှာဆိုရင် ဥက္ကဌ ရွေးဖိုအတွက် အရင်ဆုံး ငါးဦးကော်မတီဖွဲ့ရတယ်။ အဲဒီငါးဦးကော်မတီကို စာရင်းလုပ်ပြီး လူတွေကို ပြရတယ်။ သူတို့ကိုကြိုက်သလား၊ အဲလိုပေါ့ ငါးဦးကော်မတီ ဖွဲပြီးမှ ကျေးရွာ ဥက္ကဌကို တင်ဖို့အတွက် ထပ်မံစာရင်းပေးရတယ်။

အဲဒါကို ငါးဦးကော်မတီက စိစစ်တယ်၊ အားလုံး သဘောတူမှ တင်တာ၊  ဆယ်အိမ်မှူးလုပ်မည့်သူတွေစာရင်းကို ရပ်ကွက်မှာ အိမ်တွေကိုလိုက်ပီး မဲပေးခိုင်းတယ်၊ ဆိုလိုတာက စာရွက်မှာ ရွှေးချယ် ခိုင်းတာပေါ့၊

ကျွန်တော်တို့ ရပ်ကွက်မှာ အဲဒီလုပ်ပါတယ်။”
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် င/ကျဉ်တောက်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင်လည်း တရား မျှတမှု မရှိသောကြောင့် ရွာသားများ ကန့်ကွက်သည့်စာကို ဘူးသီးတောင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားထားသည် ဟု သတင်းရရှိသည်။

ပါလီမန် ဒီမိုကရေစီစနစ်တွင် အများပြည်သူဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်းမျိုးသာ ဒီမိုကရေစီစနစ်ကို သွားနိုင်မည် ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

“ ယခင်က အာဏာရသူတွေ၊ အာဏာရပါတီတွေ၊ မြို့ပေါ်အုပ်ချုပ်ရေးအဖွဲ့တွေက ထောက်ခံရင် ပြီးတဲ့ စနစ်မျိုးရှိခဲ့တယ်။ အဲဒါဟာ တကယ့် လူထုအခြေခံ ကျေးရွာဒီမိုကရေစီစနစ်ကို ပျက်ပြားစေတယ်။

 ဒီနေ့ ဒီမိုကရေစီကို သွားဖို့ကာလမှာ ယခင်ကလို စနစ်မျိုးနဲ့ သွားမယ်ဆိုလို့ရှိရင် ကျေးရွာလူနေမှုစနစ်ကို သွားတဲ့နည်းမကျဘဲ၊ ဒီမိုကရေစီအခြေခံကို မရွေးချယ် ဘဲနဲ့ လုပ်နေမယ်ဆိုလို့ရှိရင် မဖြစ်ဘူး။

 ကျေးရွာလူထုကိုယ်တိုင် လွတ်လွတ်လပ်လပ် ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင် မြှောက်မှ ဖြစ်မယ်။”
အခြေခံလူတန်းစားများကို အခြေခံပြီး ရွေးချယ်တင်မြှောက်ခြင်းမဟုတ်ဘဲ ဆယ်အိမ်မှူးများကို အခြေခံပြီး ရွေးချယ်ခြင်း သည် ဒီမိုကရေစီစနစ်သို့  အပြောင်းအလဲ ခြေလှမ်းမဟုတ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

“ ဒီနေရာမှာ ဘကြီးပြောချင်တာက ကျေးရွာ ရပ်ကွက်ဆိုတာ လူ့အဖွဲ့အစည်းရဲ့ အဓိကအကျဆုံး လူ့အဖွဲ့အစည်းတခု ဖြစ် တယ်။ ဒီနေ့ အချိန်အခါဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ အချိန်ဖြစ်တယ်။

အဲဒီ အပြောင်းအလဲမှာ အပေါ်က အပြောင်းအလဲ ဖြစ်နေပေမယ့် အောက်ခြေမှာ မပြောင်းလဲနိုင်ဆိုလို့ရှိရင် လူ့အဖွဲ့အစည်းဟာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတခု ဖြစ်လာဖို့ မဟုတ်ဘူး။”

ယခု ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်ရာတွင် ရွာတစ်ရွာတွင် အိမ်ထောင်စု (၁၀) ခုလျှင် ဆယ်အိမ်မှူး တစ်ဦးစီကို ရွှေးချယ်ရပြီး ဆယ်အိမ်မှူးများ၏ မဲဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ်ရသည်။

ဆယ်အိမ်မှူးများ၏ မဲကို စိစစ်ရန် ရပ်ရွာမှ လူရိုသေ ရှင်ရိုသေ လူကြီး လူကောင်း ၄ ဦး (သိုမဟုတ်) ၅ ဦးကို ပါ အဖွဲ့ကို ဖွဲ့စည်းရပြီး အုပ်ချုပ်ရေးမှူး လောင်းများ ရရှိသော မဲများ ကို ရေတွက်ကြရသည်။

နိရဉ္စရာသတင်းဌာန

ကျောင်းသားများနှင့် လိင်မှုပြုခဲ့သော ဆရာမအား ထောင်(၅)နှစ်ချ

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် အထက်တန်းကျောင်းတွင် ၂၀၁၁ ခုနှစ်က
 ကျောင်းသားများနှင့် မိမိ၏နေအိမ်တွင် အုပ်စုလိုက် လိင်မှုပြုခဲ့သော ဆရာမအား တရားသူကြီးက ထောင်ငါးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဆရာမက ၂၀၁၁ခုနှစ်တွင် နှစ်လတာကာလအတွင်း သူမယောက်ျားစစ်မှုထမ်းနေစဉ် သူမ၏နေအိမ်၌ ထိုအချိန်က(၁၈)နှစ်အရွယ် ကျောင်းသားငါးယောက်ကိုခေါ်၍ အုပ်စုလိုက် လိင်အမှုပြုခဲ့တာဖြစ်ကြောင်း သိရသည်။
ကျောင်းသားများက သူတို့ဆရာမကို ဒုက္ခမရောက်စေလို၍ နှုတ်ဆိတ်နေရန် ဆုံးဖြတ်ထားခဲ့ပေမယ့် လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်ထားခဲ့သည့် ဗွီဒီယိုဖိုင်မှုတဆင့် အများ သိသွားခဲ့ရတာဖြစ်ကြောင်း သိရသည်။
ကလေးသုံးယောက်အမေဖြစ်သည့် အသက်(၂၈)နှစ်အရွယ် ဇနီးဖြစ်သူ၏ ယင်းလုပ်ရပ်အတွက် ခင်ပွန်းဖြစ်သူက ဒေါသဖြစ် ၊ နာကျင်ခံစားခဲ့ရပေမယ့် ဒီ့မတိုင်မီက ၎င်းတို့ဇနီးမောင်နှံနှစ်ဦးဟာ အုပ်စုလိုက် လိင်အမှုပြုခြင်းကို နှစ်ဦးသဘောတူ လုပ်ခဲ့ကြဖူးတယ်လို့လည်း ခင်ပွန်းက ပြောခဲ့ပါတယ်။
ဇနီးသည် ထိုသို့ပြုမူခဲ့ပေမယ့် ဇနီးမောင်နှံအဖြစ် ဆက်လက်တည်ရှိသွားမယ့် ခင်ပွန်းဖြစ်သူ၏ ဆုံးဖြတ်ချက်ကို အရူးတစ်ယောက်လို ရှုမြင်ကြသူတွေဟာ ၎င်းကို နားမလည်နိုင်ကြတာပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Source : Fox News

တိုင်းတပါးသားများအား ရပ်/ကျေး အုပ်ချူပ်ရေးမှူးများအဖြစ် ခန့်အပ်မည်ကို ရခိုင်လူမှုအသိုင်းအဝန်းများ စိုးရိမ်

ရခိုင်ပြည်နယ်ရှိ ဒေသအသီးသီးသို့ ခိုးဝင် ရောက်ရှိလာကြသည့် တိုင်းတပါးသားများအား ရပ်/ကျေး အုပ်ချူပ်ရေးမှူးများ အဖြစ် ခန့်အပ်သွားမည်ကို ရခိုင်လူမှု အသိုင်းအဝန်းတရပ်လုံးက စိုးရိမ်နေကြကြောင်း သိရှိရသည်။နိုင်ငံသား မဟုတ်သူ ဘင်္ဂလီများကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်လိုက်ပါက ဘင်္ဂလီ စည်းရုံးရေးမှုးများ ခန့်အပ်လိုက်သလိုဖြစ်သွားပြီး တတိယအကျော့ ပဋိပက္ခဖြစ်လာနိုင်ဖွယ်ရှိကြောင်း ရခိုင်လူမှုကွန်ရက် ညှိနှိုင်းရေးမှုး ဦးထွန်းလွင် (ကျောက်ဖြူခရိုင်) က Arakan Review သို့ ပြောသည်။

“တကယ်လို့ ဘင်္ဂလီတွေသာ ရပ်ကွက်၊ ကျေးရွာတွေမှာ အုပ်ချူပ်ရေးမှူးဆိုတဲ့ နေရာတွေ ရလာခဲ့ရင် တရားမဝင် နိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြတဲ့ ဘင်္ဂလီတွေအတွက် အယင်ကထက် ပိုပြီးတော့ အခွင့်အလမ်းတွေ ရလာပြီး ဒေသခံ ရခိုင်လူမျိုးတွေအတွက် အရမ်းစိုးရိမ်ရတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်။ သူတို့ အဲလို နေရာရလာခဲ့တာနဲ့ တပြိုင်နက် အကျင့်ပျက် အရာရှိတချို့နဲ့ ပေါင်းပြီး အကျိုးတူ စီးပွားတွေ လုပ်လာကြလိမ့်မယ်။ ဒါတွေဟာ ကျနော်တို့ ရခိုင်လူမျိုးထုတရပ်လုံးအတွက် အရမ်းကို စိုးရိမ်ရတဲ့အခြေအနေပါ။ ဒါကြောင့် ကျနော်တို့အနေနဲ့ မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုလိမ့်မယ်။ ”

ရခိုင်ပြည်တွင် နိုင်ငံသား ဖြစ်ခွင့်မရှိသူများ အများစု နေထိုင်ကြသည့် ဘူသီးတောင်၊ မောင်တောမြို့နယ်များအပြင် ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ စစ်တွေ အစရှိသည့် ခိုးဝင် ဘင်္ဂါလီများရှိနေကြသည့် မြို့နယ်များတွင်လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်ရန် ရှိနေကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် ကျေး/ရပ် အုပ်ချူပ်ရေးမှုးများ ခန့်အပ် ရွေးချယ်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ နိုင်ငံသား စစ်စစ်များကိုသာ ရွေးချယ်ခန့်အပ်သွားရန် ရခိုင်လူမှုကွန်ရက်အဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ဒီဇင်ဘာလ (၂၇) ရက်နေ့စွဲဖြင့် တိုက်တွန်း ကြေညာချက်တစ်စောင် ပေးပို့ခဲ့သည်။

ကြေညာချက်တွင် မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးကို လုံအောင် ပိတ်နိုင်ရေးနှင့် နိုင်ငံတော်၏ အချူပ်အခြာ အာဏာကို ထိပါးမခံရစေရေး ဆိုသည့် အချက်များကို အခြေခံပြီး ပြဌာန်းထားသော ရပ်/ကျေး အုပ်ချူပ်ရေး ဥပဒေနှင့်အညီ နိုင်ငံသား စစ်စစ်ဖြစ်သူများကိုသာ ရွေးချယ် တင်မြှောက်သွားရန်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာန ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေ ပုဒ်မ အခန်း(၃)၊ ပုဒ်မ(၅)၊ ပုဒ်မခွဲ(က) အရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှာ မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် မြန်မာနိုင်ငံသား ဖြစ်ရမည် စသည့် အချက်များဖြင့် သုံးသပ်ထောက်ပြထားပြီး ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား နိုင်ငံသားစစ်စစ်ကိုသာ ရွေးချယ်တင်မြှောက်နိုင်ရန် စီမံပေးဖို့ တိုက်တွန်းချက်များ ဖော်ပြပါရှိသည်။

Arakan Review 

လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်"

ရခိုင် ပြည်နယ် မြောက်ဦးမြို့နယ်မှာ ကျေးရွာ ၃ ရွာခန့် ပါဝင်တဲ့ နတ်ချောင်း ကျေးရွာအုပ်စုက လယ်မြေဧက ၁၇၀ ကျော်အတွက် မနေ့က စတင်ပြီး စစ်တပ်က သီးစားခစပါးတွေ အဓမ္မလာရောက် ကောက်ခံ နေတယ်လို့ သိရပါတယ်။ အမ်းမြို့မှာ အခြေစိုက်တဲ့ ခမရ- ၃၇၁ တပ်ရင်းက မနေ့က သီးစားခ စပါးတွေ လာရောက် ကောက်ခံရာမှာ စစ်တပ်က စာရွက်စာတမ်းတွေ မပြနိုင်တဲ့အတွက် ဒေသခံတောင်သူတွေက စပါးပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ နတ်ချောင်းကျေးရွာအုပ်စုက လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။ "မနေ့က ခမရ ၃၇၁ က သစ်ပင်တွေနဲ့ စားကျက်မြေဖျက်တဲ့အမိန့်စာရွက်မပါလို့ တောင်သူတွေက မပေးဘူးပြောတော့ ငါတို့ကိုနိုင်ငံတော်က ပေးထားတာ မပေးလို့ မရဘူးလို့ပြောတယ် " မနေ့က အဲဒီလို စစ်တပ်က သီးစားခ ကောက်ခံလာမှုအပေါ် လယ်သမားတွေက ငြင်းဆန်ခဲ့ကြတဲ့အတွက် ဒီကနေ့နေ့လည်ပိုင်းမှာ အမ်းမြို့ ခမရ-၃၇၁ စစ်တပ်အရာရှိက လယ်သမားတွေကို စစ်တပ်ကို မဖြစ်မနေလာရောက်ဖို့ ဖုန်းဆက်အကြောင်းကြား ထားတယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။ မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာအုပ်စုက လယ်သမားတွေ လုပ်ကိုင်စားသောက်နေတဲ့ စားကျက်လယ်မြေဧက ၁၇၀ ကျော်ကို အမ်းမှာ အခြေစိုက်တဲ့ ခမရ- ၃၇၁ တပ်ရင်း၊ အဆရ-၈ ဆက်သွယ်ရေးတပ်ရင်း၊ ဆေးတပ်ရင်းတို့အပြင် ကျောက်တော်မြို့မှာအခြေစိုက်တဲ့ တပ်မ စကခ-၉ စတဲ့ တပ်ရင်းတွေက ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်ကစတင်ပြီး အဓမ္မသိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ တပ်ရင်း ၄ ခုက အဲဒီလို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီလယ်သမားတွေကိုပဲ ၁ ဧက စပါး ၂၅ တောင်းနှုန်းနဲ့ ဒီကနေ့ အချိန်အထိ သီးစားချကာ ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။ လယ်သမားတွေအနေနဲ့ ဒီလယ်ယာမြေတွေကို သီးစားခတွေ ကင်းလွှတ်ခွင့် ရရှိဖို့နဲ့ လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်ကို တိုင်ကြားဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။
fromRFA Burmese

၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းမှ ကစားသမားအများစု ရန်ကုန်တွင် ခြေစမ်းပွဲကစားမည်

ရန်ကုန်၊ဒီဇင်ဘာ-၂၈ ၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းမှ ဘောလုံးသမားအများစု ပါဝင်မည့် အသင်းသည် လာမည့် ဇန်န၀ါရီ တတိယပတ်အတွင်း ရန်ကုန်မြို့တွင် ခြေစမ်းပွဲတစ်ပွဲ လာရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ “ခြေစမ်းပွဲက ဇန်န၀ါရီ ၂၁ (သို့မဟုတ်) ၂၂ ရက်မှာ ဖြစ်ပါမယ်။ ၉၄ ကမ္ဘာ့ဖလားချန်ပီယံအသင်းက နာမည်ကြီးတွေဆိုရင် ကာဖူး၊ ရောဘတ်တိုကားလို့စ်၊ ဘီဘတ်တို၊ ရိုမာရီယိုနဲ့ အခြားဘရာဇီးလက်ရွေးစင်ဟောင်းတွေရယ် နောက်ဂျာမနီအသင်း လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ်လည်း ပါလာမယ်လို့ သိရတယ်”ဟု ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောသည်။ ဘရာဇီးလက်ရွေးစင်ဟောင်းများ ပါဝင်မည့် အသင်းသည် ရန်ကုန်မြို့သို့ ဇန်န၀ါရီလ ၂၀ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ၉၃ ငွေတံဆိပ်ရအသင်းမှ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများ၊ လက်ရွေးစင်ဟောင်းများနှင့် လက်ရှိလက်ရွေးစင်အချို့ ပါဝင်မည့် (ညွန့်ပေါင်း)အသင်းနှင့် ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ဒီဇင်ဘာ ၂၈ ရက်က ပြောသည်။ ဘရာဇီးလက်ရွေးစင်ဟောင်းများသည် ရန်ကုန်မြို့တွင် သုံးရက်ခန့် နေထိုင်စဉ်ကာလအတွင်း မြန်မာလူငယ်လေးများအတွက် ဘောလုံးအားကစားနည်းများနှင့် ပတ်သက်၍ သင်ကြားပို့ချသွားရန်ရှိပြီး မြန်မာပရိသတ်များနှင့် ထိတွေ့မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။ ၎င်းခြေစမ်းပွဲ ဖြစ်ပေါ်လာရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဘရာဇီးသံရုံး၊ ဘရာဇီးဘောလုံးအဖွဲ့ချုပ်အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်

အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်မှု မမှန်ကန်သဖြင့် ရခိုင်ပြည်နယ် အနှံ့ ပြဿနာများ ပေါ်ပေါက်

rakhine-stateရခိုင်ပြည်နယ် ကျေးရွာ အနှံ့အပြား
တွင်  ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်
များကို ရွေးချယ် တင်မြှောက်ရာတွင်
 မှန်ကန်မူ မရှိဘဲ ဥပဒေ ချိုးဖေါက်မှု၊
လာဘ်ပေး လာဘ်ယူ ပြုလုပ်မူများ

ရှိခဲ့သဖြင့် ကျေးရွာ အများအပြားတွင် ပြဿနာများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ် တင်မြှောက်ရန် ၁၀ အိမ်မှူးကို ရွေးချယ်ရာတွင် ကျေးရွာသားများ သဘောဆန္ဒအရ ရွေးချယ်ခြင်း မရှိခဲ့ဟု  စစ်ကဲ ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ အိမ်ခြေ ၁၀၀ ရှိတဲ့ ရွာမှာ  ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ်ဖို ဆယ်အိမ်မှူး ၁၀ ယောက်ခန့်ထားတယ်။ ကျွန်တော်တို့ ဖြစ်ချင်တာက ဆယ်အိမ်မှူးကို ရွှေးချယ်တင်မြှောက်တဲ့ အခါ  အိမ် (၁၀) အိမ်က  သဘောဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ဖို့ အလိုရှိကြတယ်။

ဒါပေမယ့် အဲသလို ရွှေးချယ်ခွင့်မရဘဲ အထက်က လူတွေ စိတ်ကြိုက် ရွေးချယ် လိုက်တဲ့အတွက် ရွာသားတွေ အကြားမှာ မကျေနပ်မှုတွေ ဖြစ်နေကြပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ် ၄ မိုင်ကျေးရွာအုပ်စုတွင် ပါဝင်သော ကျေးရွာ ၁၁ ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီဇင်္ဘာလ ၂၃ ရက် နေ့က ရွေးချယ်ရာတွင် ၁၀ အိမ်မှူးများကို လဘ်ငွေပေးပြီး မဲရယူခဲ့သည်ဟု လေးမိုင်ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“  မဲအများဆုံးရသွားတဲ့ ဦးလှမိုးဆိုသူက မဲမရွေးချယ်ခင် ၄-၅ ရက်အလိုက သူ့ကို မဲထည့်ပေးဖို့အတွက် ကျေးရွာတိုင်းကို သွားပြီးတော့ ၁၀ အိမ်မှူး၊ ရာအိမ်မှူး တယောက်စီကို ကျပ်ငွေ နှစ်သောင်းကျပ်စီပေးခဲ့ပါတယ်။

 အဲဒီလို ဆယ်အိမ်မှူးတွေ ကို နှစ်သောင်းကျပ်စီပေးပြီး လာဘ်ပေး လာဘ်ယူ လုပ်သွားတယ်။ အခု ရွှေးချယ်ပွဲတွေက  သမာသမတ် မကျတဲ့အတွက် ကျွန်တော်တို့ ၄ မိုင် ရပ်ကွက်သူရပ်ကွက်သားတွေက မကျေမနပ် ဖြစ်နေကြပါတယ်။”

တောင်ကုတ်မြို့နယ်အတွင် ဆယ်အိမ်မှူးရွေးချယ်ရာတွင်လည်း လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက သူတို့ သဘောကျ ရွေးချယ်ခဲ့သည်ဟု တောင်ကုတ်မြို့နယ် NLD ပါတီ ဗဟိုစီးအဖွဲ့ဝင် ဦးခင်လှက နိရဉ္စရာသို့ ပြောသည်။

“ ဘယ်လိုမြင်လဲဆိုတော့ ဆယ်အိမ်မှူး ရွေးတဲ့ အခါမှာ သူတို့ သဘောမကျတဲ့ လူဆိုရင်၊ သူတို့ကို မဲပေးမည့်သူ မဟုတ်ဘူး ဆိုရင် ဖယ်ထားခဲ့တယ်။

သူတို့ကို ထောက်ခံမည့်သူတွေကို ကျော်ပြီးတော့ ရွေးချယ်သွားတယ်။ အဲဒါမျိုးတွေ တွေ့ရပါ တယ်။ သူတို့လိုတဲ့သူတွေကို ရွေးယူသွားတဲ့ သဘောဖြစ်တယ်။”

ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကျေးရွာသားများ မကျေနပ်မှုကြောင့် တိုင်ကြားသည့်စာများ ရောက်ရှိနေသည်ဟု လည်း ဦးခင်လှက ပြောသည်။

“ အုပ်ချုပ်ရေးမှူးတွေ ရွေးတာကို မကျေနပ်လို့ တိုင်တန်းထားတာတွေရှိပါတယ်။ သူတို့တိုင်ထားတဲ့ စာတွေထဲမှာတော့ ဘယ်လို ဖြစ်နေတယ်ဆိုတာကို ကျွန်တော့အနေနဲ့တော့ အထူးမပြောလိုပါ။

ကျွန်တော်တို့ NLD ရုံးကို ကျေးရွာ ရပ်ကွက် တွေမှာ တရားမျှတမှုမရှိတာတွေ၊ ကြီးကြပ်ရေးတွေက ကိုယ့်လူကိုဦးစားပေးပြီး မမှန်မကန် လုပ်တာတွေ ရှိတယ်လို့ တိုင်ထားတဲ့ အပေါ်မှာ ပြောတာပါ။”

ကျောက်တော်မြို့နယ်တွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အခင်းဖြစ်ပွားမှုများ ရှိနေသည်ဟု ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ ကျောက်တော်မြို့နယ် ဥက္ကဌ ဦးစောမောင်က နိရဉ္စရာသို့ ပြောသည်။

“ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်နေတဲ့အခြေအနေကတော့ခါ တိုင်တန်းလို့ အခင်းဖြစ်တာတွေရှိတယ်။ အဲဒါတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို တင်ပြနေကြပါတယ်။

အဲဒီပြဿနာက ပြိန်းဆိပ်ရွာနဲ့ ဂုတ်ပီထောင့်ရွာတွေ မှာလည်း ဖြစ်ပါတယ်။ အရှုပ်အထွေးတွေကတော့ ရှိပါတယ်။ အဲဒီလောက်တော့ မများပါဘူး။”

ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ရပ်သူရွာသားများ တင်မြှောက်ထားသော ငါးဦး ကော်မီတီအနေဖြင့် မှန်ကန်တိ ကျရန် လိုအပ်သည်ဟု ဦးစောမောင်က ပြောသည်။

“ ကျွန်တော်ကတော့ လုပ်ထုံးလုပ်နည်း ဥပဒေကို အမှန်အကန်ဖြစ်စေချင်ပါတယ်။ ကျေးရွာမှာ ရပ်သူရွာသားတွေက အတည်ပြုပေးဖို့အတွက် ကော်မီတီ ငါးဦး တင်ထားပါတယ်။

သူတို့ဆန္ဒ သဘောထား အားလုံး မဟုတ်ဘဲနဲ့ ရပ်သူရွာသား လုပ်ထုံးလုပ်နည်း ဥပေဒေအတိုင်း ရွေးချယ်ခံရတဲ့ အပေါ်မှာ အတည်ပြုနိုင်ဖို့၊ စေတနာကောင်းနဲ့ လုပ်ပေးစေချင် ပါတယ်။”
 
ရခိုင်ပြည်အနှံ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုနှင့် ပတ်သက်ပြီး RNDP ပါတီအနေဖြင့် သက်ဆိုင်ရာကို တင်ပြတောင်း ဆိုသွားမည်ဟု ဦးစောမောင်က ပြောသည်။

“ ကျွန်တော်တို့ ပါတီအနေနဲ့ လုပ်ဆောင်နိုင်တဲ့ ဟာတွေကို အပြည့်အ၀ လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။ မတော် မတရား လုပ်ရပ်တွေကိုလည်း အမှန်တကယ် ဟုတ်မဟုတ် စီစစ်နေပါတယ်။

သက်ဆိုင်ရာတွေကို ကျွန်တော်တို့ ပါတီ အနေနဲ့သော်၎င်း၊ လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့သော်၎င်း တင်ပြတောင်းဆိုသွားဖို့ အပြည့်အ၀ စီစဉ်ထား ပါတယ်။”

ရသေ့တောင်မြို့နယ်တွင် စာရေးနှင့် ငါးဦးကော်မီတီပေါင်းပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ရွေးချယ်သည်ဟု ရသေ့တောင် မြို့ခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ ဆယ်အိမ်ခေါင်း ရွေးချယ်ကတည်းက ဒီမိုကရေစီမကျဘူး။ စာရေးတို့ နာယကတို့ က ကိုယ်လိုချင်တဲ့ သူတွေကို ပုံဝင် အောင် သွပ်သွင်း လုပ်လိုက်ကြတယ်။

ရပ်သူတွေ ဖြစ်ချင်တဲ့ ဆယ်အိမ်မှူးတွေ မပါဝင်ဘူး။ ရိုးသားတဲ့ ရွာသားတွေ၊ တ ကယ် ဖြစ်သင့်တဲ့ ဆယ်အိမ်မှူးတွေ ဖြစ်မလာဘဲ သူတို့ စီစဉ်တဲ့ ဆယ်အိမ်မှူးတွေသာ ဖြစ်လာတယ်။ ဒါကို မကျေနပ်ပေ မယ့် တိုင်ကြားဖို့ နည်းလမ်းတွေ မသိတော့ သူတို့လုပ်သလိုသာ ကြည့်နေကြရတယ်။”

ရသေ့တောင်မြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပြီးမှ “ဘယ်သူ့ကို ရွေးချယ်ထားသည်။ ကန့်ကွက်သူရှိလျှင် မည်သူ မဆို လာရောက် ကန့်ကွက်နိုင်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် စာကတ်ထားသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာအုပ်စု (၉၆)အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် လူထုသဘောဖြင့် မဲစနစ်  ဖြင့် ဒီဇင်္ဘာလ နောက်ဆုံးထားပြီး ရွေးချယ်တင်မြှောက်ပေးရန် ပြည်နယ်အစိုးရကို အကြောင်းကြား ထားသော်လည်း ပုဏ္ဏားကျွန်းမြို့နယ် သူပုန်ကျေးရွာအုပ်စုတွင် ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးစီဌာနမှ လာရောက်ပြီး ရွေးကောက်ပွဲ ဦးစီးကော်မီတီ (၄)ယောက်ကို ရွေးချယ် ပေးခဲ့ပါသည်ဟု သိရသည်။

“ အခု ဖွဲ့စည်းပေးခဲ့တဲ့ ဦးစီးကော်မီတီက လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဥက္ကဌကို လူထုနှင့် အတူ မကြိုက်မနှစ်သက် ရှိတဲ့ အတွက် အဲဒီကိစ္စကို ဆောင်ရွက်ပေးဖို့  မြို့နယ်ကို အကြောင်းကြားထားပါတယ်။

ဒါပေမယ့် ဒီနေ့ထိ  ဆောင်ရွက် ပေးတာ မရှိပါဘူး။”ဟု သူပုန်ကျေးရွားသားတဦးက နိရဉ္စရာသို့ ပြောသည်။
စစ်တွေမြို့ပေါ်ရပ်ကွက်တချို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုအခြေအနေနှင့် ပတ်သက်ပြီး စစ်တွေမြို့ ခံတဦးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ရပ်ကွက်မှာဆိုရင် ဥက္ကဌ ရွေးဖိုအတွက် အရင်ဆုံး ငါးဦးကော်မတီဖွဲ့ရတယ်။ အဲဒီငါးဦးကော်မတီကို စာရင်းလုပ်ပြီး လူတွေကို ပြရတယ်။ သူတို့ကိုကြိုက်သလား၊ အဲလိုပေါ့ ငါးဦးကော်မတီ ဖွဲပြီးမှ ကျေးရွာ ဥက္ကဌကို တင်ဖို့အတွက် ထပ်မံစာရင်းပေးရတယ်။

အဲဒါကို ငါးဦးကော်မတီက စိစစ်တယ်၊ အားလုံး သဘောတူမှ တင်တာ၊  ဆယ်အိမ်မှူးလုပ်မည့်သူတွေစာရင်းကို ရပ်ကွက်မှာ အိမ်တွေကိုလိုက်ပီး မဲပေးခိုင်းတယ်၊ ဆိုလိုတာက စာရွက်မှာ ရွှေးချယ် ခိုင်းတာပေါ့၊

ကျွန်တော်တို့ ရပ်ကွက်မှာ အဲဒီလုပ်ပါတယ်။”
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် င/ကျဉ်တောက်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင်လည်း တရား မျှတမှု မရှိသောကြောင့် ရွာသားများ ကန့်ကွက်သည့်စာကို ဘူးသီးတောင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားထားသည် ဟု သတင်းရရှိသည်။

ပါလီမန် ဒီမိုကရေစီစနစ်တွင် အများပြည်သူဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်းမျိုးသာ ဒီမိုကရေစီစနစ်ကို သွားနိုင်မည် ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

“ ယခင်က အာဏာရသူတွေ၊ အာဏာရပါတီတွေ၊ မြို့ပေါ်အုပ်ချုပ်ရေးအဖွဲ့တွေက ထောက်ခံရင် ပြီးတဲ့ စနစ်မျိုးရှိခဲ့တယ်။ အဲဒါဟာ တကယ့် လူထုအခြေခံ ကျေးရွာဒီမိုကရေစီစနစ်ကို ပျက်ပြားစေတယ်။

 ဒီနေ့ ဒီမိုကရေစီကို သွားဖို့ကာလမှာ ယခင်ကလို စနစ်မျိုးနဲ့ သွားမယ်ဆိုလို့ရှိရင် ကျေးရွာလူနေမှုစနစ်ကို သွားတဲ့နည်းမကျဘဲ၊ ဒီမိုကရေစီအခြေခံကို မရွေးချယ် ဘဲနဲ့ လုပ်နေမယ်ဆိုလို့ရှိရင် မဖြစ်ဘူး။

 ကျေးရွာလူထုကိုယ်တိုင် လွတ်လွတ်လပ်လပ် ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင် မြှောက်မှ ဖြစ်မယ်။”
အခြေခံလူတန်းစားများကို အခြေခံပြီး ရွေးချယ်တင်မြှောက်ခြင်းမဟုတ်ဘဲ ဆယ်အိမ်မှူးများကို အခြေခံပြီး ရွေးချယ်ခြင်း သည် ဒီမိုကရေစီစနစ်သို့  အပြောင်းအလဲ ခြေလှမ်းမဟုတ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

“ ဒီနေရာမှာ ဘကြီးပြောချင်တာက ကျေးရွာ ရပ်ကွက်ဆိုတာ လူ့အဖွဲ့အစည်းရဲ့ အဓိကအကျဆုံး လူ့အဖွဲ့အစည်းတခု ဖြစ် တယ်။ ဒီနေ့ အချိန်အခါဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ အချိန်ဖြစ်တယ်။

အဲဒီ အပြောင်းအလဲမှာ အပေါ်က အပြောင်းအလဲ ဖြစ်နေပေမယ့် အောက်ခြေမှာ မပြောင်းလဲနိုင်ဆိုလို့ရှိရင် လူ့အဖွဲ့အစည်းဟာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတခု ဖြစ်လာဖို့ မဟုတ်ဘူး။”

ယခု ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်ရာတွင် ရွာတစ်ရွာတွင် အိမ်ထောင်စု (၁၀) ခုလျှင် ဆယ်အိမ်မှူး တစ်ဦးစီကို ရွှေးချယ်ရပြီး ဆယ်အိမ်မှူးများ၏ မဲဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ်ရသည်။

ဆယ်အိမ်မှူးများ၏ မဲကို စိစစ်ရန် ရပ်ရွာမှ လူရိုသေ ရှင်ရိုသေ လူကြီး လူကောင်း ၄ ဦး (သိုမဟုတ်) ၅ ဦးကို ပါ အဖွဲ့ကို ဖွဲ့စည်းရပြီး အုပ်ချုပ်ရေးမှူး လောင်းများ ရရှိသော မဲများ ကို ရေတွက်ကြရသည်။

နိရဉ္စရာသတင်းဌာန

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...