Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Thursday, 29 November 2012

Toshiba ကုမ္ပဏီမှ ခွေးစက်ရုပ်ကို ဖူကူရှီးမားစက်ရုံအတွက်ထုတ်


ဂျပန်နိုင်ငံတွင် အနုမြူဓာတ်သင့်နေသည့် ဖူကူရှီးမားရှိ စက်ရုံကို ပြန်လည်ပြင် ဆင်ထိန်းသိမ်းရန်အတွက် တိုရှီဘာကုမ္ပဏီမှ ခွေးတူစက်ရုပ်ပုံစံတစ်ခုကို ထုတ်လုပ် လိုက်ကြောင်း သတင်းရရှိသည်။
ခြေလေးချောင်းပါ အလေးချိန် ၆၅ ကီလိုဂရမ် (၁၄၃ ပေါင်) ရှိသည့် ထိုစက်ရုပ် သည် ၃ ပေ၊ ၄လက်မ အမြင့် ရှိပြီး၊ မြေပြင် အနေအထား ပုံစံအမျိုးမျိုးတွင် ရပ်တည် နိုင်စွမ်းရှိသည်။ လှေခါးထစ်များကိုပါတက်နိုင်ပြီး စက်ရုပ်တစ်ရုပ်ပုံစံ အပြည့်လုပ် ဆောင်နိုင်စွမ်းရှိသည်။
ခြေထောက်သည် သုံးဆစ်ချိုးဖြစ်ပြီး၊  ကွေးညွှတ်နိုင်စွမ်းရှိသည်။ အလေးချိန် ၂၀ ကီလိုဂရမ်ခန့်ကို သယ်ဆောင် နိုင်သဖြင့် ကင်မရာ၊ ရေဒီယိုသတ္တိကြွပစ္စည်းတိုင်း ကိရိ ယာများကို သယ်ဆောင်နိုင်သည်။ အဝေးထိန်းစနစ်ကို အသုံးပြုပြီး ထိန်းချုပ်ခိုင်းစေ နိုင်မည်ဖြစ်သဖြင့် လူတို့ဝင်ရန်မဖြစ်နိုင်သည့် နေရာများသို့လည်း ခိုင်းစေနိုင်မည် ဖြစ်သည်။
တိုရှီဘာမှ အင်ဂျင်နီယာဖြစ်သူ ဂိုရို ယာနာဆဲက ထိုစက်ရုပ်ကို လက်ရှိ အမည် မပေးရသေးကြောင်း၊ ကီလိုဂရမ် ၈၀ ခန့် သယ်မနိုင်ရန် စီစဉ်နေကြောင်း၊ လှေကား တစ်ထစ် လက်မ ၂၀ ခန့်လှမ်းနိုင်ရန်လုပ် နေကြောင်း ပြောကြားသည်။
အဆိုပါ အနုမြူစက်ရုံတွင် အမေရိကန်လုပ် PackBot  စက်ရုပ်နှင့် ဂျပန်လုပ် Quince  စက်ရုပ်တို့ဖြင့် ရှင်းလင်းဖယ်ရှားရေးများ လုပ်နေသော်လည်း မကြာမီ တိုရှီဘာထုတ် ထိုစက်ရုပ်ဖြင့် တိုးမြှင့်လုပ်ဆောင် သွားမည်ဟုဆိုသည်။

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...